(၁)

907 92 1
                                    


(၁)

     ချီယွဲ့တိုင်း မင်းနေပြည်တော်။

     လဝက်လောက် နှင်းတွေ သိပ်သည်းခဲ့တာမို့ မြို့တော်တစ်ခုလုံး ငွေရောင်ကမ္ဗလာ လွှမ်းခြုံလို့။

     လမ်းပေါ်မှာလည်း လူသွားလူလာ သိပ်မရှိ။ အိမ်တွင်းအောင်းနေကြမှာပေါ့လေ။ ဘယ်သူက ဆောင်းလေကြားထဲ နှင်းရေခဲထုထဲ နေချင်ပါ့မလဲ။

        "အမှားကို ဝန်မခံမချင်း အဲဒီမှာ ဒူးထောက်ပြီးနေ. . .!"

  နားထဲမှာ ဟိန်းဟောက်သံကြီးကို ကြားတာနဲ့ နှင်းလွှာပေါ် ဒူးထောက်နေရတဲ့ ချင်ရွှယ်ကော လှည့်ကြည့်လိုက်တယ်။ တွေ့လိုက်ရတာက တဖြည်းဖြည်း ဝေးသွားတဲ့ ဝတ်ရုံအနက်ရောင်လွှမ်းထားတဲ့ ကျောပြင်တစ်ခု။

        အနီးအနားမှာ ဘယ်သူမှ မရှိတော့ဘူး။ အေးစက်စက် လေပွေတွေကသာ သူမ မျက်နှာပေါ်ကို ဓားသွားထက်လို လာရိုက်ခတ်နေခဲ့တယ်။

  စောစောက လူကတော့ ခြုံထည်ဝတ်ရုံကြီး လွှမ်းခြုံထားပေမဲ့ သူမက ပါးလှပ်တဲ့ ဝတ်ရုံလေးသာ ဝတ်ထားခဲ့တာ။

        ချင်ရွှယ်ကော လက်နှစ်ဖက်ကို အချင်းချင်း ပွတ်သပ်ရင်း ဒူးထောက်နေရာက ထ၊ အနီးမှာရှိတဲ့ စင်္ကြံအောက်ကို ပြေးသွားလိုက်တော့တယ်။

        "မမလေး ထလို့ မဖြစ်ပါဘူး" သူမ လှုပ်ရှားလိုက်တယ်ဆိုရင်ပဲ ဘယ်ချောင်ကမသိ တစ်စုံတစ်ယောက် ထွက်လာပြီး တားတော့တာပေါ့။ "အမှားကို ဝန်မခံမချင်း မထရဘူးလို့ သခင်ကြီး ပြောသွားတယ်လေ"

   "ငါ မှားသွားပါတယ်ဟာ" ချင်ရွှယ်ကော သိပ်ချမ်းနေပြီ။ သူမမျက်နှာလေး နီရဲနေပြီး လေအေးတွေ ကြားက ပြောတဲ့ အသံလေးဟာ အကူအကယ်မဲ့၊ အားကိုးမဲ့လို့ သိမ်ငယ် အားလျော့နေသလိုမျိုး။

        ". . . ."

        တစ်ဖက်လူ အတော်လေး မှင်တက်ငေးကြောင်သွားရတယ်။

        'ဒါ. . . အမှားကို ဝန်ခံတာတဲ့လား'

• • • • • • •

  ချင်ရွှယ်ကောဆိုတာက ချီယွဲ့တိုင်း မဟာစစ်သူကြီးရဲ့ ပဏာမ ပထမဇနီးက မွေးတဲ့ သမီးကညာပေါ့။

နှင်းတေးသီတဲ့ ဆောင်း [ဘာသာပြန်]Where stories live. Discover now