Ep-1

909 52 5
                                    

တီ ..တီ ..

ကားဟွန်းတီးသံများနဲ့ ဆူညံနေပြီး
စည်ကားလှတဲ့မြို့ရဲ့လမ်းမကြီးမှာ ရှုပ်ယှတ်ခတ်နေတဲ့ကားတွေကြား စက်ဘီးလေးတစ်စီးကို အလျင်စလိုနှင်းနေတဲ့ကောင်လေးတစ်ယောက်။ ပြုံးရွှင်နေတဲ့မျတ်နှာလေးရယ် လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး စတိုင်လေးနဲ့ ဘယ်လိုကြည့်ကြည့်ချောမောနေတဲ့ထိုကောင်လေးဟာ စိတ်လှုပ်ရှားနေသည့်ဟန်ဖြင့် ဦးတည်ရာကို အလျင်စလိုသွားနေလေရဲ့။

သူကတော့ Harutoပါ။

Rutoကစက်ဘီးကိုအလျင်စလိုနှင်းလာရင်း
အထက်မြင့်မြင့်ရှိ GN company ဆိုတဲ့logo
ကြီးထောင်ထားတဲ့ အဆောက်အအုံကြီးထဲကို Ruto တစ်ယောက်စိတ်လှုပ်ရှားစွာ ၀င်သွားလေသည်။

Haruto;ဟူး......ငါ့ဘ၀ရဲ့ ပထမဆုံး ငွေ၀င်လမ်းလေးရှာတွေ့ပြီပေါ့

ဟုတ်ပါတယ် Haruto ကသူ့ဘ၀ရဲ့ပထမဆုံးအလုပ်လည်းဖြစ်၊သူ့ရည်မှန်းချက်ရဲ့ ပထမဆုံးခြေလမ်းလေးလည်းဖြစ်တဲ့ အလုပ်အတွက် စိတ်လှုပ်ရှားနေတာပါ

အနာဂတ်ကိုကြိုမမြင်နိုင်တဲ့အတွက်လက်ရှိကံကောင်းမှုလေးကို စိတ်ကျေနပ်ပြီး ပျော်ရွှင်နေတာအ‌ေကာင်းဆုံးပါပဲ။ကံကြမ္မာအလှည့်အပြောင်းဆိုတာ ဘယ်လောက်ကြောက်စရာကောင်းမှန်း ruto တစ်ခါလေးတောင်မတွေးကြည့်ဖူးဘူး။

Harutoဆိုတဲ့သူကကသာမာန်မိသားစုလေးမှာပဲမိဆုံဖဆုံနဲ့အလိုလိုက်ခံရပြီးပျော်ပျော်ရွှင်ရွှင်နေလာရတဲ့ ကလေးမို့လို့ တချို့ကအတ္တကြီးတယ်လို့လည်း ပြောကြပါတယ်။ သူ့ကိုပျော်ရွှင်မှုပေးတဲ့အရာတွေ ကြည်နူးစေတဲ့အရာတွေ လွှတ်လပ်မှုကို ခံစားရတဲ့အရာတွေ စိတ်ကြေနပ်မှုပေးတဲ့အရာမှန်သမျှကို လုံး၀လက်မလွှတ်တက်ပါဘူး။ တစ်စုံတစ်ခုကိုချစ်မိပြီ အဲ့ဒါကိုကာ‌ကွယ်ပေးချင်ပြီဆိုရင်တော့ သူ့အပိုင်ဆိုပြီးတစ်ခါတည်းသတ်မှတ်လိုက်တာမျိုး ။ ဘာလို့ဆို ဘယ်လိုအကြောင်းကြောင့်နဲမှ လက်လွှတ်ခံမှာမဟုတ်လို့ပါတဲ့လေ။

Rutoကcompanyကြီးထဲကို၀င်သွားပြီး အရောင်းမန်နေဂျာလက်ထောက်အဖြစ် တခါတည်းခန့်အပ်ခံလိုက်ရပါတယ် ။အရည်အချင်းကလည်း မနည်းတော့လေ။ GN ရဲ့ဥက္ကဌကြီးက သူ့ပါးပါးနဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ဖူးတယ်ဆိုပဲ။ အလုပ်စလျှောက်ကတည်းက စာရွယ်အဖြူလေးပေါ်က Ruto ရဲ့အားသာချက်တွေ အတွေ့အကြုံတွေကြည့်ပြီး ဥက္ကဌကြီးက တော်တော်သဘောကျနေတာ။ ဒါနဲ့ပဲ တခါတည်းဒုမန်နေဂျာ ခန့်အပ်လိုက်လေသည်။

forever for youWhere stories live. Discover now