Author fic လေးတွေကိုဆက်မရေးဖြစ်တော့တာက အကြောင်းရင်းသုံးခုလောက်ရှိပါတယ်။ မင်မင် ဇာတိနယ်ကဆိုတော့ ကိုဗစ်ဖြစ်ကတည်းက ကျောင်းတွေပိတ် နယ်ပြန်တော့ ကျောင်းတွေပြန်ဖွင့်မှပဲ fic လေးတွေကိုဆက်ရေး ( တချို့အပိုင်းလေးတွေ ပြန်ပြင်ဉီးမယ် ) ဆိုပြီး နားထားရာကနေ အခြေနေတွေက သောက်ပေါက်တက်ကရတွေဖြစ်ကုန်တာရော၊ အဲ့နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာတွေ တော်တော်ကျော်ဖြတ်လိုက်ရတာရောကြောင့်ပါ။ ဒါ့ထက် ပြန်ရေးမယ်ဆိုပြီး ကိုယ့်ဟာလေးတွေကိုယ် ပြန်ဖတ်ကြည့်မိတော့လဲ လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်က ရေးထားတဲ့ ကလေးအရေးသားလေးတွေမို့ အားလုံးကို ပြန်စာစီ ပြန်ပြင်ချင်စိတ်ကြောင့် ရပ်တန့်နေခဲ့တာပါ။
ပြီးတော့ နောက်တစ်ခုက author တို့ နေနေတဲ့ ဇာတိက နေလို့သိပ်မဆင်မပြေတော့တာကြောင့် အာသာလဲ အခုနောက်ပိုင်းမှ ရန်ကုန်ကိုတယောက်တည်းပြောင်းလာရတော့ ကျော်ဖြတ်ရတာတွေက အတော်ပင်ပန်းပါတယ်။ ဒါ့ထက် ကျောင်းတက်နေတုန်းက အလုယက် pre order တင်ခဲ့ရတဲ့ ရတနာ album လေးတွေက ကိုဗစ်ကြောင့် အာသာ နယ်ပြန်ရကတည်းက အိမ်ကိုယူမသွားရဲလို့ ကျောင်းအဆောင်မှာသိမ်းထားခဲ့ရတာ၊ ကျောင်းတွေပြန်ဖွင့်တော့လဲ အာသာက မပြန်တာကြောင့် အဲ့မှာရှိတဲ့ သူများတွေကို အကူညီတောင်းပြီး ပို့ပေးခိုင်းရတာ၊ ပို့တော့လဲ အာသာက နယ်မှာပဲရှိသေးလို့ အိမ်ကိုပို့မရပဲ ရန်ကုန်က တခြားသူငယ်ချင်းတယောက်ဆီပို့ခိုင်းပြီး သိမ်းခိုင်းထားရတာ၊ အဲ့သူငယ်ချင်းကလဲ အဆောင်ပြောင်းတော့ အာသာ့ရဲ့အထုပ်ကြီးကို ဟိုရွှေ့သည်ရွှေ့လုပ်ရတာကြောင့်
အာသာလဲ ကိုယ်တန်ဖိုးထားပြီးသိမ်းထားရမယ့်ဟာလေးတွေကို ကိုယ်လဲ မသိမ်းရပဲ ဘောလီဘောပုတ်နေရလို့ ကိုယ့်စုထားရတာလေးတွေကို collection လေးနဲ့ သိမ်းထားချင်မယ့်သူဆီရောက်စေချင်လို့ပါ။ reader လေးတွေကို ရော့ဆိုပြီး အမ်းလိုက်ချင်ပေမယ့် အပေါ်တုန်းက အာသာပြောခဲ့သလို သာသာလဲ ကိုယ့်နယ်မဟုတ်တဲ့ဆီကိုပြောင်းလာကာစမို့ အတော်လေးကြိုးစားနေထိုင်နေရတာမို့ collection လိုက်ကို low price နဲ့ပဲပေးပါမယ်နော်။
YOU ARE READING
The Truth Untold
General FictionSKz&OC True Story of someone's life ကံမကုန်ရင်ပြန်ဆုံကြမှာလားသူငယ်ချင်း?