🍎part 1 🍎

37 3 3
                                    

" အ မင်းတို့ဘာလုပ်တာလည်း နောက်တော့ မင်းတို့ကရောဘယ်သူတွေလည်း"

ကားမှတ်တိုင် တစ်ခုတွင် တိမ်စောနှိုင်းဘတ်စ်ကားစောင့်နေစဉ် တိမ်စောနှိုင်း ၏လက်နှစ်ဖက်ကိုရုတ်တရက်လူနှစ်ယောက်လာချုပ်တာကြောင့် တိမ်စောနှိုင်း လန့်သွားသည်။ နောက်ထက်တစ်ယောက်ပါ တိမ်စောနှိုင်း ရဲ့ရှေ့တွင်ပေါ်လာကာ တိမ်စောနှိုင်း ရဲ့ပါးနှစ်ဖက်ကိုလက်ဖြင့် ညစ်ရွေ့

" ငါတို့နဲ့မပျော်ပေးချင်ဘူးလား အလှလေး "

" ထွီ မင်းတို့လိုကောင်တွေကရွံစရာပဲ"

တိမ်စောနှိုင်း ကသူ့ရဲ့ပါးကိုညစ်ထားတဲ့လက်ကိုခေါင်း ခါကာရုန်းလိုက်ပြီးထိုလူရဲ့မျက်နှာကို တံတွေး ထွေးလိုက်ချင်းဖြစ်သည်။

" ဟက် အစွာလေးပဲ ငါတို့လိုရွံစရာကောင်တွေက ဘယ်လိုမပျော်တာကိုပျော်အောင်လုပ်တယ်ဆိုတာ ငါပြမယ် သူ့ကိုဆွဲခေါ်ခဲ့ကြ"

" သူ့ကို လွတ် လိုက် စမ်း "

တောက်ပလှတဲ့အနက်ရောင်ကားတစ်စီးပေါ်မှ လူတစ်ဉီးက စူးရှသောအကြည့်ဖြင့် တိမ်စောနှိုင်း ကိုချုပ်ထားတဲ့လူတွေကိုကြည့်ကာကားပေါ်ကနေဆင်းလာပြီး နက်ကတိုင်ကိုပြင်စီးကာ စကားတစ်လုံးချင်းကိုဒေါသထွက်နေသည့် အသံဖြင့်ပြောလိုက်၏

" ကိုယ့်ကိုကိုယ် စတိုင်ဖမ်းနေတဲ့ကောင် ကိုယ်နဲ့မဆိုင်ရင်ဝင်မပါနဲ့ နောက်တော့အသက်ပါမထွက်ချင်ဘူးဆိုရင် ဒီနေရာနေ့မင်း လစ်လိုက်တော့ "

" ငါကိုဝင်မပါနဲ့လို့ပြောရအောင် မင်းလိုလမ်းဘေးခွေးကဘယ်သူမလို့လည်း ဟမ် "

ထိုလူနည်းနည်းတော့တုန်လှုပ်သွားကာ သူသွားမရှပ်သင့်မှန်းရိပ်မိသည်။

" ထားလိုက်တော့ ဟေ့ရောင်တွေ့ ဒီကောင်လေးကိုခေါ်ခဲ့ကြ ငါတို့ဒီနေရာကနေသွားကြမယ်"

" ငါဆိုတဲ့ လမိုက်သွေး ရဲ့ စကားကိုစောက်ဂရုတောင်မစိုက်ဘဲ ရှောင်ဖယ်သွားတာ အပစ်က တချက် နောက်တော့ ငါရဲ့အပိုင်ကိုအသားယူတာ အပစ်က ၁သန်း "

လမိုက်သွေး ဆိုသည့် နာမည်ကိုကြားလိုက်တော့ ထိုလူရဲ့မရှိတဲ့ဆံပင်တောင်ထောင်ချင်သွားသည်။ သူကမရှုပ်သင့်တဲ့လူကိုမှသွားရှုပ်မိသည်လေ။

ကျွန်တော့် ရဲ့ နှလုံးသားပိုင်ရှင် Where stories live. Discover now