🍎Part 4🍎

17 2 4
                                    

တိမ်စောနှိုင်း က လမိုက်သွေး နမ်းနေတာကိုတွန်းလိုက်ပြီးအသက်ကိုဝအောင် မနည်းရှုနေရသည်။

" ခင် ခင်ဗျားကြီး ဘာလို့ ကျွန်တော် ကိုနမ်းတာလည်း ကျွန်တော် က ယောကျာ်း လေးတွေဆို လုံးဝမကြိုက်ဘူး ပြီးတော့...ဒါ ကျွန်တော် ရဲ့ First kissလေး..."

" ဟင် ဘာဖြစ်လို့လည်း ကိုယ့်ယောက်ကျားရဲ့ First kissကိုယူတာ "

" ဘယ်သူက ခင်ဗျားကြီး ယောကျာ်း လည်း"

" ဆူပုတ်လေး လေ ဆူပုတ်လေးက ကိုယ့်ရဲ့တစ်ဉီးတည်းသော ယောကျာ်း "

" စိတ်ကူးလုံးဝ မယဉ်နဲ့ ကျွန်တော် က ခင်ဗျားကြီး ကိုလုံးဝမကြိုက်ဘူး "

" ဆူပုတ်လေးကတော့ မကြိုက်ပေမယ့် ကိုယ့်နှလုံးသားကတော့ ဆူပုတ်လေးမှ ဆူပုတ်လေးဖြစ်နေပြီတဲ့ဗျ"

" ဟွန့်"

ဆရာဝန်က တိမ်စောနှိုင်း ဆေးရုံကနေဆင်းလို့ရပြီဖြစ်ကြောင်း လမိုက်သွေးဆီလာပြောသည်။ လမိုက်သွေးလည်းခေါင်းညိမ့်ကာ လမိုက်သွေးကိုစိတ်ဆိုးနေတဲ့ ကောင်လေးကို ကြည့်ကာ ခိုးရီရင်း ပွေ့ချီလိုက်သည်။ ရုတ်တရက်ချီတာခံလိုက်ရတဲ့ တိမ်စောနှိုင်း ကလန့်ပြီးအောက်ချပေးဖို့ပြောပေမယ့် ထပ်ပြောနေရင် နမ်းပစ်မယ်ဆိုသည့် လမိုက်သွေးကြောင့် ဆက်မပြောပဲငြိမ်သွားသည်။ မင်းရဲနိုင် က နိုင်ရဲဇော် နဲ့ခိုင်းတာသွားလုပ်တာကြောင့်  လမိုက်သွေးကပဲ ကားမောင်းလာခဲ့သည်။တိမ်စောနှိုင်းကိုတော့ကားမောင်းနေရင်းတောင် ပေါင်ပေါ်ကနေမချ။

ခြံတံခါးဝကနေ အစောင့်နှစ်ယောက် ခြံတစ်ခါးကိုဖွင့်ပေးသည်။ ကားပေါ်ကနေ ပြတိုက်လောက်ရှိတဲ့အိမ်အကြီးကြီးကိုကြည့်ပြီး အံသြနေတဲ့ တိမ်စောနှိုင်း ကိုကြည့်ကာ လမိုက်သွေး ပြုံးမိသည် လမိုက်သွေးကားပေါ်ကနေ တိမ်စောနှိုင်း ကိုအသာယာပွေ့ချီကာကော ဇောအနီ ခင်းထားတဲ့လျှောက်လမ်းအတိုင်းသူ့အိပ်ခန်းဆီဉီးတည်ကာသွားတော့သည်။

ဒါကိုမြင်တဲ့ အစေခံတွေကလည်း အံသြလို့မဆုံးဖြစ်နေကြသည်။

" ကျွန် ကျွန်တော့်ကို အောက် ချ ချပေးတော့လို့ "

" အိပ်ရာပေါ်ရောက်မှ ချပေးမယ် "

ကျွန်တော့် ရဲ့ နှလုံးသားပိုင်ရှင် Where stories live. Discover now