Uni
သာယာလှပတဲ့ Seoul မြို့မှာ နေထိုင်တဲ့ လူတစ်ဦး ' Kim Taehyung '...
ယောင်္ကျားလေးဆိုပေမဲ့ အရမ်းလှတဲ့ မိန်းကလေးတွေတောင် ဒူးထောက်အရှုံးပေးရလောက်သည်အထိ သူ့ခန္ဓာကိုယ် ခေါင်းအစ ခြေအဆုံးသည် ထူးခြားလှသည် စိတ်တိုရင် မာန်ဖီနေတဲ့ ကျားတစ်ကောင်လိုပင် ။ တောက်ပတဲ့ မျတ်ဝန်းအညိုရောင် သွယ်ဆင်းနေသည့် နှာခေါင်းချွန်ချွန်လေးနှင့် အသဲပုံနှုတ်ခမ်းလေးကို ပိုင်ဆိုင်ထားရသည့်လူဖြစ်သည် စိတ်မကောင်းတာတစ်ခုက ထိုကောင်လေးမှာ ပိုင်ရှင်ရှိတယ်တဲ့လေ ....~
" ကိုကို "
' ဗျာ အချစ် '
" ဟိုလေ နက်ဖြန် ကျနောတို့ ဒိတ်မယ် ပြောထားတာလေ ... "
' ကိုယ် မင်းကြိုက်တဲ့မုန့်တွေလဲ ဝယ်ထားတယ်အချစ် ကိုယ်တို့ တစ်နေကုန် လျှောက်လည်လို့ရ... '
" ဟို အဲ့ဒိတ်ကို နောက်နေ့ ရွှေ့ပေးပါလားဟင် "
ဂျောင်ကု ခုနက ပြုံးနေတဲ့ရုပ်ကနေ အခု ကျောက်ရုပ်အနေအထားဖြင့် ။
' ဘာဖြစ်လို့? '
" ဒီတိုင်း ကျနော နားချင်လို့ပါ "
' သေသေချာချာ လိမ်နိုင်ရင် ကိုယ်နောက်နေ့ရွှေ့ပေးမယ် '
" အယ် မ.. မဟုတ်ဘူး ကျနော အတည် နားချင်လို့ အခုရက်ပိုင်း အဖွားနာရေးကြောင့်လဲ ပင်ပန်းထားတယ်လေဗျာ နော်လို့ ကိုကို "
ကလေးလေးတစ်ယောက်လို သူ့ကိုချွဲနေတဲ့ ကလေးကြောင့် လူက ပျော့ရပြန်သည်လေ..
' ဟူးးး ဟုတ်ပြီလေ ဒါဆို ကိုယ်ပြန်ပြီ '
" ကိုကိုအကောင်းဆုံးပဲဗျာ မွ "
' ဟားး မင်းပိုင်ရှင်ပဲ ဒီလောက်တော့ရှိမှာပေါ့ အချစ်ရယ် ပြွတ်စ် '
" ဟီးး ဒါဆို ကျနောသွားတော့မယ်နော် "
' ကိုယ်လိုက်ပို့ပေးမယ်လေ '
" ဟင့်အင်း ရတယ် တာ့တာ "
' ဟုတ်ပါပြီဗျာ '
JK Pov :
အင်း ဒီကလေး မလိမ်တတ်ပဲ လိမ်သွားပြန်ပြီပဲ တွေ့ကြသေးတာပေါ့ကွာ
YOU ARE READING
𝐃𝖆𝖗𝖐 𝗪𝖔𝖗𝖑𝗱
Short Story𝗝𝗝𝗞 𝐱 𝗞𝗧𝗛 18+ Waring!! Wp မှာ ပထမဆုံးရေးတာမို့လို့ အမှားများပါသွားခဲ့ရင် ခွင့်လွှတ်ပါ ဖတ်ချင်မှဖတ်ပါ အတင်းလဲ မဖတ်ခိုင်းပါဘူးဗျ ။ Fic အရ ရေးချင်းပါပဲ အိုင်ဒေါတွေကို ထိခိုက်လိုစိတ်လဲမရှိပါဘူးဗျ ။