Chapter - 1.1

96 17 4
                                    

~လက်ပူးလက်ကြပ်မိခြင်း~

စုန့်ယွင်ရှန်းဟာ တံခါးရှေ့၌ မရပ်မနားဆေးလိပ်ဖွာရင်း အကြာကြီးရပ်နေခဲ့မိသည်။ ဖွာထားခဲ့သည့် ဆေးလိပ်တို အကြွင်းအကျန်များက သူ့အနားရှိ ကြမ်းပြင်တစ်ဝိုက်၌ တစ်စစီပြန့်ကျဲလျက်။

အိမ်အတွင်းမှ လူနှစ်ယောက်ဟာ မိမိတို့ထံ၌ ပွဲကြည့်ပရိတ်သတ်တစ်ဦးရောက်ရှိလို့နေသည်ကို သတိမမူမိကြဘဲ စိတ်ပါလက်ပါဖြင့် လိင်ဆက်ဆံခြင်းအမှုကို အားတက်သရောဆင်နွှဲနေကြ၏။

သူ နောက်ဆုံးလက်ကျန် ဆေးလိပ်တိုတစ်ခုအား ကြမ်းပြင်ပေါ်သို့ လွင့်စဉ်ထွက်သွားအောင် ပစ်ချပြီးနောက် ခြေဖြင့်ခပ်ပြင်းပြင်း တက်နင်းချလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းကာ လော့ခ်မချထားခဲ့သောတံခါးအား တွန်းဖွင့်ရင်း ဝင်သွားခဲ့၏။

" ဟေ.. မင်းတို့ လုပ်နေကြတာလား? "

သူ့ အသံဟာ ကျယ်လည်းမကျယ်သလို နူးလည်း မနူးညံ့နေခဲ့ပေ။ သို့သော် အိပ်ရာပေါ်ရှိ အနှီလူတစ်ယောက်ကတော့ ထိုအသံကို ကြားလိုက်သည့်အခါ လှုပ်ရှားမှုများက တန့်ခနဲရပ်သွားခဲ့ပြီး ကုတင်ပေါ်မှထခုန်မိလုနီးနီးပင်။

အထူးသဖြင့် လီစီးယွမ်ဟာ လွန်စွာမှထိတ်လန့်သွားခဲ့သောကြောင့် ရုတ်တရက် တစ်စုံတစ်ရာပင် တုံ့ပြန်ချိန်မရလိုက်ဘဲ တောင့်တောင့်ကြီးသာရှိနေတော့၏။ သူ့ နှုတ်ခမ်းများက အချိန်အတန်ကြာသည်အထိ တသိမ့်သိမ့်တုန်ယင်နေခဲ့ပြီး ပြောလာသည့် စကားလုံးတိုင်းဟာလည်း အထစ်ထစ်အငေါ့ငေါ့ဖြစ်နေလေသည်။

" ယွင် .. ယွင်ရှန်း... မင်း.. မင်းက ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ? "

စုန့်ယွင်ရှန်းက သူ၏လက်များကို တည်တည်ငြိမ်ငြိမ်ဖြင့် အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး တံခါးကိုမှီကာ ပြောလာသည်။

" ငါသာပြန်မလာဖြစ်ခဲ့ရင် ဒီလိုပွဲကြီးပွဲကောင်းကို ကြည့်ခွင့်ရှိပါ့ဦးမလားနော်? "

သူ့အကြည့်များကို အိပ်ရာပေါ်ရှိ အခြားလူတစ်ယောက်ထံသို့ လွှဲလိုက်သောအခါ အသက်နှစ်ဆယ်အစောပိုင်းလောက်သာရှိဦးမည့် အသားဖြူဖြူနှင့် ကျစ်လစ်ကာ တောင့်တင်းသန်မာသော ရင်သပ်ရှုမောဖွယ်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် လူငယ်တစ်ယောက်အား တွေ့လိုက်ရ၏။

Yunceng Wang Jin/SALC (ဘာသာပြန်)Where stories live. Discover now