"ယေး...ဖေဖေကြီးလာတယ်...ယေ့ ယေ့ ..."
ပျော်ရွှင်နေတဲ့ 15နှစ်အရွယ်
ကလေးငယ်တစ်ယောက်သူဖခင်ကိုတွေ့တော့
ခုန်ပေါက်ကာ ပျော်မြူးနေကာ
အပြေးသွားကြိုနေသည် ။" ပါးပါးရေ ...ယွန်းဆီလာပြီလား...
ပါးပါးကိုမျှော်နေတာ ..."" ပါးပါးလည်း သမီးလေးကိုလွမ်းတာပေါ့
လာ အထဲဝင်ရအောင်သမီးလေး..
အပြင်မှာအေးတယ် ..."သမီးလေးကို နွေးထွေးစွာပြုံးကာ
အထဲကို လက်ဆွဲခေါ်လေသည် ။
မဟာဟာ အမှောင်လောကကို
ကျင်လည်နေတဲ့ကလေးအဖေတစ်ယောက်ပါ။သူမှာကလေးတစ်ယောက်ရှိမှန်း
ဘယ်သူမှမသိကြပါ...သူကိုလူလွတ်လိုသာ
သိထားကြသည် ။" ပါးပါး ဒီမှာဘယ်နှစ်ရက်နေမှာလဲဟင် ..."
" ပါးပါးအိပ်လို့မရဘူးသမီးရဲ့..
ပါးပါးအလုပ်ရှိသေးတယ်လေကွယ်
စိတ်မဆိုးနဲ့နော်..."" ဟွန်း...ပါးပါးကအမြဲတမ်းအဲလိုချည်းဘဲ
ကောင်မလေးနဲ့တွေ့နေတာမလား...
ယွန်းကိုမှန်မှန်လိမ်..."" မကြာခင် သိရမှာပေါ့ သမီးရဲ့ .."
" ဟင်!!! ပါးပါးတကယ်ဘဲ
ကောင်မလေးနဲ့ချိန်းတွေ့နေတယ်ပေါ့
မရဘူးနော် သမီးခွင့်မပြုဘူး..
သမီးလက်လည်း မခံဘူး ...ဟင့် ..."မျက်ရည်ဝဲကာ ငြင်းနေတာကြောင့်
မဟာ စိတ်မကောင်းဖြစ်သွားလေသည် ။"ပါးပါးအလုပ် ကိုပြောတာပါကွာ
မငိုနဲ့နော် ပါးပါး သမီးအတွက်
အရုပ်တွေရော မုန့်တွေရောအများကြီးဝယ်လာတယ် "" တကယ်လား...ဟီး ....ဘယ်မှာလဲဟင်..."
" သမီးအခန်းထဲ ပို့ထားတယ်ဗျာ....
သွားကြည့်ချည် ..."ယွန်းစုပြုံးကာအပြေးလေးသွားကြည့်တော့
မဟာလည်း မင်ယံကို ခေါ်ကာ ...." ငါ့သမီးနားနေပြီး စောင့်ရှောက်လိုက်
ငါပြန်ပြီ...."" သ ..သခင်ကြီး...ကျွန်တော်မရဘူးထင်တယ် ..."
မျက်နှာငယ်ဖြင့် မင်ယံပြောတော့ မဟာလည်း
မင်ယံပခုံးကို ပုတ်ကာ အားပေးသလိုကြည့်ပြီး
ခေါင်းငြိမ့်ပြီးထွက်သွားတော့ မင်ယံမငိုရုံတမယ်
မျက်နှာ ရှူံ့မဲ့သွားလေသည် ။
YOU ARE READING
🔞The world of the devil 🔞
Romanceဒါက နည်းနည်း အဲ များများအရိုင်းဆန်ထားပါတယ်.. ပုဒ်တိုင်းလိုလိုမှာ 🔞 တင်ပေးထားပါတယ်...