"ပြင်လို့ပြီးပြီ မမလေး..."
မျက်နှာနီရဲကာခေါင်းငုံ့ထားတဲ့ မင်ယံကိုကြည့်ပြီး
ယွန်းစုပြုံးနေမိသည်...ဒီအမူရာတွေက မိန်းမတွေနဲ့ ခပ်ကင်းကင်း
နေတတ်တဲ့သူပုံစံမျိုးပင်...."ဒါနဲ့ ကိုကိုမင်ယံ.... အစုရဲ့ အိပ်ခန်းဘီဒိုကသေးနေတယ် နောက်တစ်လုံးဝယ်ပေးအုံး သိလား...."
"တစ်ခြားအခန်းကဟာ ယူသုံးလို့ရတယ်လို့ သခင်ကြီးပြောထားပါတယ်မမလေး...."
"ဟွန့်..ယွန်းစုက အသစ်လိုချင်တာကို..."
" ဟုတ်ကဲ့ နားလည်ပါပြီဗျ..."
မင်ယံခေါင်းငုံ့ကာ ထွက်သွားတော့ ယွန်းစုမျက်နှာလည်းအလိုလိုစူပုတ်သွားတော့သည် ...
" ကိုကိုမင်ယံကိုနည်းနည်းကြာကြာတွေ့ရဖို့ ဖျက်စီးထားတာကို...
အလကားလူကြီး....လူကိုရှောင်ဖို့ဘဲသိတယ်..ဟင့်!!!!ယွန်းစုမကျေနပ်စွာ ကျန်ရစ်နေပေမယ့် မင်ယံကတော့ အခုမှအသက်ရှူချောင်သလို သက်ပြင်းချနိူင်တော့သည်။
"ငါ ဒီထက်များများအလုပ်လုပ်မှရတော့မယ် ဒါမှ သခင်ကြီးပြန်လာခေါ်မှာ
ဒီမှာနေရတာ အရမ်းအန္တရာယ်များတယ် ...ဟူး...."မင်ယံထိုသို့ပြောကာ သခင်ကြီးခိုင်းထားတဲ့အလုပ်တွေကိုကျေပွန်စွာဆောင်ရွက်ဖို့ထွက်သွားလေတော့သည်။
!!!
!!!
မဟာ သူဘေးနားမှာ အိပ်နေတဲ့ ချာတိတ်ကို ကြည့်ကာပြုံးရင်း
" မင်းကို တရားဝင်ပိုင်ဆိုင်ရဖို့ ကိုမစောင့်နိူင်တော့ဘူး babe
မွ!!!
သူမနှဖူးလေးကိုနမ်းပြီး မဟာရေချိုးခန်းထဲဝင်ကာ ရေချိုးတော့သည် ။
လွန်း အောက်ပိုင်းတစ်ခုလုံးအတော်နာကျင်နေတာကြောင့် အသာမိန်းနေတာမို့ ထိုလူ ထွက်သွားပြီးမှ မျက်စိဖွင့်ကာ ထိုင်ရင်း..."အာ့!!!!ငါ့ကိုယ်လုံး !!!အဟင့် နာလိုက်တာ...."
ဆောင်အောက်ကနေ တစ်ဖြေးဖြေးထပြီးမှ ကြမ်းပြင်မှာ ပွကြဲနေတဲ့ သူမအဝတ်အစားကို ကောက်ယူကာ ထွက်သွားဖို့လုပ်တော့...
YOU ARE READING
🔞The world of the devil 🔞
Romanceဒါက နည်းနည်း အဲ များများအရိုင်းဆန်ထားပါတယ်.. ပုဒ်တိုင်းလိုလိုမှာ 🔞 တင်ပေးထားပါတယ်...