ငါမချစ်ရင်ငါမချစ်ရင်
နံရံကွယ်နေလည်း မြင်ချင်မြင်တယ်
မပြောလည်း ကြားတယ်
ကမ္ဘာလည်း ပုံမှန်လည်တယ်ငါချစ်ရင်
ငါကိုကြည်ကြည်ပြီး ပြောနေလည်းမကြားဘူး
ဓားနဲပြေးဝင်လာလည်း မမြင်ဘူး-စိုင်းဝင်းမြင့်
စ ချစ်မိတာနဲ့ အရာရာကိုက လွဲတော့တာပဲ။
သူက လိုက်လေ၊ ဟိုက ပြေးလေပဲ။
သူ့မှာ ကလေးဖမ်းကြီးကို ဖြစ်လို့။ဒီကြားထဲ သူ့မှာ သဝန်က ပြေးပြေးတိုရသေးတယ်။သူက လွဲရင် တစ်လောကလုံးကို ပြုံးပြနေတဲ့ဒဏ်က အလူးအလဲပဲ။
ဂျူနီယာ ပေါက်စလေးတွေကနေ အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားတွေထိ Jimin, Jimin ကို ယောက်ျားလေးရော၊ မိန်းကလေးရော ပါးစပ်က မချဘူး။ gender မျှမျှကို တအား အချစ်ခံနေရတာ။
အချိန်ပြည့် ပြုံးရယ်တဲ့ အလေ့အကျင့်ကို သူဟာ ဘယ်လို ရခဲ့လည်း မသိဘူး။ လုပ်မယူထားဘဲ ချစ်စရာကောင်းတဲ့ အမူအရာဟာ သူ့မှာ အပြည့်ပဲ။
"ဟား...ဟား...ဟား"
ဆိုတဲ့ ရယ်သံဟာ အကွာအဝေး တော်တော်များများမှာ သူ့ဆီကို လာကြားနေရတယ်။
သိပ်လှတာပဲ။
တွန့်တိုစရာလေးပဲ။တစ်ခါ တစ်ခါဆို အူယား ဖားယား ပြေးကိုက်ချင်စရာတောင် ကောင်းသေးတယ်။
သူ မကြည်လင်တဲ့သူက ကမ္ဘာမှာ သူတစ်ယောက်ပဲ ရှိသလိုပဲ။
ရှားပါး ကံထူးရှင်လေးပေါ့။
တစ်လောကလုံးကို ချစ်ခင်ပါတယ်
သူ တစ်ယောက်ကိုသာ ကြည့်မရပါဘူးဆိုတဲ့သူကို ချစ်ရတာလည်း ငရဲပဲ။ကျနော့်ငရဲက သေးသေးကွေးကွေး ချစ်စရာလေး။
တစ်ပတ်သာ ပြည့်လာတယ်။
ရပ်ကြည့်၊ လှည့်ပြန်၊ ရန်ဖြစ်ကနေ သူ့မှာ အဆင့်မတက်နိုင်ဘူး။ အခြေအနေဟာ တအားကောင်း။ သူ့ကိုမြင်ရင် တစ္ဆေတွေ့သလို ပတ်ပြေးနေတတ်သေးတယ်။လက်ရေးဝိုင်းဝိုင်းကလေးနဲ့ စာတော်ကြိုးစားတဲ့ ကျောင်းသားကလေးဟာ ရန်ဖြစ်တတ်တဲ့ စီနီယာကို ဘယ်လိုမှ ကြည့်ရနေပုံ မရဘူး။

YOU ARE READING
Kyi Mya (ကြည်မြ)
Fanfictionကြည် စေ မြ စေ ပျော် ရွှင် ပါ စေ အဆုံးမဲ့ ချစ် မေ တ္တာ တ ရား လေး ရေ