Final

112 19 17
                                    

" မင်းကလွဲလို့ ပြုလုပ်ခြင်း အတတ်ပညာ "

ကြယ်တွေ မရှိပေမယ့်
မင်း ရှိသေးတယ်
ပင်လယ်တွေ မရှိပေမယ့်
မင်း ရှိသေးတယ်
ကမ္ဘာမြေ မရှိတော့ပေမယ့်
မင်း ရှိသေးတယ်

ကြယ်တွေက ပြန်လည် ပြုလုပ်လို့ ရတယ်
ပင်လယ်တွေက ပြန်လည် ပြုလုပ်လို့ ရတယ်
ကမ္ဘာမြေက ပြန်လည် ပြုလုပ်လို့တယ်

-သုခမိန်လှိုင်

"Jiminie"

"Jiminah"

"Jimin"

"ခင်ဗျား တကယ် မတော်နိုင်သေးဘူးလား"

သူ့ကိုယ်ပိုင် နှုတ်ခမ်းလှလှ‌ကလေးကို စူပြီး ခါးကို ထောက်ထားသေးတယ်။

"Jimin မှ ကိုယ့်ကို မထူးတာ"

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ
ရှိရှိသမျှ ဝေနေယျာသာ တ, မိပါရဲ့လေ။
သူ့မှာ ရည်းစားထားရတာလား၊ ကလေးထိန်းရတာလား မသဲကွဲဘူး။

"Jiminie
မနက်စာ ဘာလဲ"

"ဘယ်သူက ခင်ဗျားကို ပြင်ပေးမယ် ပြောလို့လဲ"

စကားမဆုံးခင်မှာပဲ စားပွဲပေါ်မှာ မနက်စာက အဆင်သင့် ဖြစ်နေပြီ။

"Jimin ah"

တကယ့် မျက်စိသူငယ် နားသူငယ်ပုံစံနဲ့ ပါးစပ်ကိုဟပြီး "အာ" တဲ့။

"ခင်ဗျား တကယ်ပဲ ထမင်းကို ကိုယ့်ဖာသာ မစားတတ်တော့ဘူးလား"

"အင်း မစားတတ်ဘူး"

"ခင်ဗျား ဘယ်တော့ ရန်မဖြစ်ဘဲ နေမှာလဲ"

"လိမ္မာရင် ဆုပေးမှာလား"

"အင်း"

"ဒီနေ့က စပြီး ရန်မဖြစ်တော့ဘူးလေ "

"မွမ့်"

"မလုပ်နဲ့လေ"

"မွမ့်"

....
...
...
"တကယ်လည်း မသေချာသေးဘဲနဲ့ကို"

"မွမ့်"
.
.
.
.
.
.

"တော်ပြီ ထမင်းစားတော့လို့"

နောက်ဆုံးတော့ သူပဲ အရှုံးပေးရတာပဲ။
ကျောင်းရဲ့ ဖိုက်တာပါဆိုတဲ့ သူ့ကောင်လေးက မနိုင်စိန်လေ။

Kyi Mya (ကြည်မြ)Where stories live. Discover now