အပိုင်း - ( 24 ) Unicode

2.1K 510 6
                                    

အခန်း ( ၂၄ ) - စိတ်ကူးအယဥ်လွန်နေသော ဟမ်းစတားတစ်ကောင်

    
     ဗိုက်ထဲမှာ တစ်ခုခုရှိနေတာလား ? ရှုရှောင်ဟွေးသည် ချန်ချန်းသို အင်္ကျီကော်လာကြားမှ နိုးနိုးကြားကြားရှိသော ခေါင်းကလေးကို ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးလေးများသည် သတိလက်လွတ်နှင့် ပျော့ပျော့အိအိ ဗိုက်သားပြင်လေးကို ထိကြည့်မိသွားသည် ။

" ဘာများဖြစ်လောက်မလဲ...? " ချန်ချန်းသိုက မေးလာ၏။

    ပါမောက္ခဝေ့က မျက်မှန်ကိုပင့်တင်ရင်း ခပ်တိုးတိုး ရယ်လိုက်သည်။ " ငါ့မှာ နားကြပ်ရှိတယ်ဆိုရုံပဲရှိတာ။အထဲက ဘာလဲဆိုတာတော့ ဘယ်လိုလုပ်သိနိုင်မလဲ၊ဒါပေမယ့် ကလေးမဟုတ်ဘူးဆိုတာ သေချာပါတယ်။ဒီကြွက်လေးက အထီးလေးပါ။ "

    ချန်ချန်းသို နဖူးပေါ်တွင် အပြာရောင်သွေးပြန်ကြောများ ထင်းထွက်လာသည်။ပြောစရာတောင်မလိုလောက်အောင် သူလည်းသိတယ်လေ။သိလို့ပဲ ကလေးရဲ့ဥလေးကို တမင်ဖုံးထားပေးတာပေါ့ ! ပြီးတော့ သိပ်မကြာခင်ကတင်ပဲ လူပုံပြောင်းသွားတဲ့ပုံလေးကိုတောင် မြင်လိုက်ရသေးတာ။

     ချန်ချန်းသို သက်ပြင်းအနည်းငယ် ရှိုက်လိုက်သည်။ " သိအောင်ဘယ်လိုလုပ်ရမလဲ ? "

      " ကိရိယာတန်ဆာပလာတွေ ပြည့်စုံတဲ့ ဓာတ်ခွဲခန်းကို သွားရမှာပေါ့။ဒါပေမယ့် အရင်ဆုံး ဒီ့မတိုင်မီတောက်လျှောက် ကြွက်ကလေး ဘာစားခဲ့လဲ ဆိုတာ အရင်​ပြောပြဖို့လိုတယ်။သူ့အခြေအနေက သာမန်အိမ်မွေးစစ်သည်တော်တွေနဲ့ မတူပဲ အရမ်း ထူးဆန်းနေတယ်။ "

       " ကျွိ ! "  ကျွန်တော်က ကြွက်ကလေးမဟုတ်ပါဘူးနော် !

     ရှုရှောင်ဟွေးက တီးတိုးရေရွတ်လိုက်သည်။ဓာတ်ခွဲခန်းထဲက ကြွက်ငယ်လေး...တွေးကြည့်ရုံနှင့်ပင် ကြောက်ဖို့ကောင်းလှသည်။

     ချန်ချန်းသိုသည် သူ့အင်္ကျီကော်လာထဲရှိ အိမ်မွေးစစ်သည်တော်လေးကို ခေါ်ထုတ်ချင်ခဲ့၏။သို့သော်လည်းပဲ ရှုရှောင်ဟွေးက အင်္ကျီကော်လာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် သူမအောင်မြင်ခဲ့ပေ။ထို့ကြောင့် အသိစိတ်ချင်းဆက်သွယ်ပြီးတော့သာ နဲ့ မေးရတော့သည်။  " ဘာတွေစားထားလဲ ? "

ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)Where stories live. Discover now