အပိုင်း - ( 15 ) Zawgyi

1.2K 71 1
                                    

အခန်း ( ၁၅ ) - အိမ်မွေးစစ်သည်တော်နှစ်ကောင်လား ?

         ဆိုပင်းဆက်သွယ်ထားသည့် တိုက်ခိုက်ရေးလေယာဉ်ဟာ သိပ်မကြာခင်မှာပဲ အကောင်းဆုံးသော ပျံသန်းမှုပုံစံနှင့်အတူ လေထုကို ထိုးခွင်းပျံသန်းလာသည်။မြေပြင်မှာလည်း စက်တစ်ပိုင်းသားရဲကြီးတွေ အုပ်လိုက်ကြီး တန်းစီပါလာတာပေါ့။

     " ဘော့စ် " ဆိုပင်းက ချန်ချန်းသိုနှင့် သူ့အိမ်မွေးစစ်သည်တော်လေး၏ မျက်လုံးချင်းစကားပြောနေမှုကို ကြားဝင်ဖျက်ကာ လှမ်းခေါ်လိုက်သည်။

    ချန်ချန်းသိုက သူ့မိသားစုရဲ့ အိမ်မွေးစစ်သည်တော်လေးနဲ့ ကတောက်ကဆ ဖြစ်နေတာကို ရပ်ပြီး သေနတ်ကိုင်ကာ တိုက်ပွဲထဲ ဝင်သွားလိုက်၏။

     ရှုရှောင်ဟွေးနှင့် ဖန်းဖန်းကိုသာချန်ပြီး လူလေးယောက်နှင့် အိမ်မွေးစစ်သည်တော် သုံးကောင်ဟာ ထွက်သွားကြတော့သည်။ရှုရှောင်ဟွေးက သစ်ကြားသီးလေးကို သူ့ပါးစောင်ထဲက နေရာလွတ်လေးထဲ ထိုးသိပ်ထည့်ပြီး ဖန်းဖန်းရှေ့သို့ပြေးသွားလိုက်၏။

    " ကျွိ ? " မင်းကြည့်ချင်လား ? သူတို့က စက်တစ်ပိုင်းသားရဲကြီးတွေကို သွားချကြတာလေ။

   ဖန်းဖန်းကလည်း ခေါင်းညိတ်လိုက်သည်။

    ရှုရှောင်ဟွေးက နှစ်ချက်လောက်ကုတ်ခြစ်လိုက်ပြီး သူ့ကိုယ်သူအရမ်းတော်တယ်လို့ခံစားလိုက်ရ၏။ဒီတော့ ဖန်းဖန်းခေါင်းပေါ်က ခပ်ဖျော့ဖျော့ အနက်ရောင်တိမ်ထုကို လှမ်းကြည့်ကာ သူ့လက်သည်းလေးတွေကို ဆန့်ထုတ်ပြီး ခြေထောက်လေးတွေကိုပါ ကျယ်ကျယ်လေး ကားလိုက်သည်။ရှုရှောင်ဟွေးက အခု ဟမ်းစတားပုံစံနှင့်ပင် ထိုက်ချိ ပုံစံလုပ်လိုက်တာဖြစ်ပြီး သူ့ပန်းရောင် လက်ဖဝါးလေးတွေကတော့ ဖန်းဖန်းကို ဉီးတည်ညွှန်ပြထား၏။

( Ocean - ဒီနားလေး နားမလည်လိုက်မှာစိုးလို့။ဖန်းဖန်း ခေါင်းပေါ်မှာ ကံဆိုးမှုတိမ်လေး နည်းနည်းရှိနေလို့ ရှုရှောင်ဟွေးက သူ့အစွမ်းနဲ့ပျောက်အောင်လုပ်ပေးလိုက်တာပါ။ဒါပေမဲ့သူက အစွမ်းကိုဘယ်လိုထုတ်ရမလဲမသိလို့ ထိုက်ချိသိုင်းကစားတဲ့ပုံစံမျိုးကိုမှ လက်လေးတွေကို ဖန်းဖန်းဆီညွှန်ပြီး လုပ်လိုက်တာ။စူပါဟီးရိုးတွေ အစွမ်းထုတ်ရင် ကိုယ်ဟန်အနေအထားနဲ့ထုတ်သလိုမျိုးပေါ့။ထိုက်ချိဆိုတာကတော့ တရုတ်ရိုးရာ သိုင်းပညာတွေထဲကတစ်မျိုးပါ။ကျန်းမာရေးအတွက်လည်း ကစားလေ့ရှိကြတယ် ဗျ။ )

ပေါက်ကွဲတတ်သောအိမ်မွေးဟမ်းစတားလေး(ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin