"အာကာယံမင်း!
အာကာယံမင်း!
အာကာယံမင်း!"ကျောင်းရှိ လွတ်လပ်ရေးအထိမ်းအမှတ်ပွဲနေ့တွင် အပြေးပြိုင်နေကြသော G-9ကျောင်းသားများကြား နေရာယူလျက်တဟုန်ထိုးပြေးနေသော ကျောင်းသား၏ အမည်နာမအား ရည်ညွှန်းခေါ်ဆိုကာအားပေးနေကြသော လူအုပ်၏အော်သံများမှာ ထိုအနီးဧရိယာအတွင် ဟိန်းညံလျက်။
ထိုစဥ် ပြေးနေတုန်း ရုတ်တရက် ဘေးမှအသားဖြူဖြူအရပ်ရှည်ရှည်ကျောင်းသားက ပုခုံးချင်းပစ်တိုက်လိုက်ဟန်ရှိသဖြင့် အကာယံမင်းဆိုသူမှာ ခန္ဓာကိုယ်ဟန်ချက်ပျက်ကာ ပြေးနေသူတို့၏နောက်ဆုံးနေရာရောက်သွားရသည်။
"ဟယ်!"
"ဟာ!!သွားပြီထင်တယ်""ဘေးကမအေလိုး ယုတ်မာတယ်"
"မေဘေး ပွဲပြီးမှတွေ့မယ်"အာပေးနေသူများထံမှ အာမေဋိတ်သံ မကျေမနပ်သံများထွက်ပေါ်လာသည်။ဆဲဆိုသံများကား အာကာယံမင်း၏ နောက်လိုက်များထံမှဖြစ်ခြင်း။
"ဝိုး.."
"ဟာ..မိုက်တယ် ပြေးပြေး"
"ပြေးထားသားရီး အဲ့မေလိုးကို ပိုင်းပြလိုက်"
"အာကာယံမင်းကွ"ထိုအခိုက် အာကာယံမင်းသည် နောက်သို့နှစ်လှမ်းလောက်ဆုတ်ကာ အရှိန်ယူလျက် လေအလျင်ကဲ့သို့လှစ်ကနဲ့ပြေးထွက်သွားကာ အားလုံးရဲ့ရှေ့တွင်ရောက်သွားသဖြင့် အားတက်သရောအားပေးသံများက အုန်းအုန်းထသွားရပြန်သည်။
နောက်ဆုံး အလယ်တန်းအဆင့် မီတာ၁၀၀ပြေးပွဲတွင် အားလုံးကို အပြတ်သတ်ရလဒ်နှင့်အနိုင်ယူကာ ပထမဆုရရှိသူမှာ အာကာယံမင်းသာဖြစ်လေသည်။
အာကာယံမင်းသည် အဆင့်လိုက်တက်ရသော အမြင့်ဆုံးနေရာထက်တွင် မတ်တပ်ရပ်နေပြီး ရရှိထားသောဆုဖလားကိုကိုင်လျက် နှုတ်ခမ်းပါးတစ်ဖက်တည်းကိုသာဟန်ပါပါပြုံး၍ ရှေ့တည့်တည့်သို့သာ မျက်ခုံးတွေပင့်မြှောက်လျက်ကြည့်နေသည်။ ပုခုံးချင်းတိုက်ခဲ့သူကတော့ တစ်ဆင့်နှိမ့်သောနေရာတွင်ရပ်နေရပြီး သူ၏ဒုတိယဆုကြောင့် မျက်နှာထားက ဆူပုတ်ပုတ်ဖြစ်နေလေသည်။
...............
အကာယံမင်းဆိုသောအမည်ကား အဖွားဖြစ်သူမှ မှည့်ပေးသွားခဲ့ခြင်း။ အဓိပ္ပါယ်အရတော့ အာကာသတစ်ခုလုံးတွင်မင်း(ဘုရင်)ဖြစ်သည်တဲ့။ နာမည်စီးတယ်ပဲပြောရမလား မွေးလာကတည်းက သူဟာ မင်းတစ်ပါးကဲ့သို့။စည်းစိမ်ချမ်းသာ ပျော်ရွှင်မှုအပြည့်။
လက်ရုံးရည်နှင့်ပြည့်စုံကာ နှလုံးရည်ကတော့ဖြင့် မိဘအသိုင်းဝိုင်းကလွန်စွာချမ်းသာသည့်အလျောက် ငယ်စဥ်ကတည်းက သူတို့၏အသဲခြေအူပွတ်လေးအား မျက်ရည်တစ်စက်အကျမခံပါဘဲ မျက်နှာလေးမဲ့ကျလာတာနဲ့တင် တောင်းဆိုတာမှန်သမျှအကုန် လိုက်ဖြည့်ဆည်းပေးထားတာကြောင့် နည်းနည်းလေးတော့ ဂျစ်တစ်တစ်နှင့် တဇွတ်ထိုး။
အသဲခြေလေးဟာလည်း လူကြီးတွေကိုတစ်ခုခုပူဆာချင်ပြီဆိုတာနဲ့ မျက်နှာကလေးမဲ့မဲ့ကျပြလိုက်တာပဲ။ လိုချင်တာလေးများရသွားပြီဆိုရင်ဖြင့် အိပ်ဆောင်ထဲပြေးဝင်ပြီး မွေ့ယာပေါ် ခုန်ပေါက်ပစ်လိုက်တာ သူ့အကျင့်။ခုန်ပေါက်လို့ဝရင်လည်း လူကြီးတွေကို အာဘွားလေးနဲ့အချိုလာလာသပ်သေးတာ။
မိသားစုပြင်ပရှိလူတွေနှင့်ဆိုလျှင်တော့ အာကာယံမင်းဆိုတာ ခပ်တည်တည်နှင့် ကိုယ်မှန်တယ်ထင်ရင် မည်သူ့ကိုမျှဂရုမစိုက်တတ်သူ။ မှားနေလျှင်လည်း ဘယ်သူဘယ်ဝါကိုမျှဂရုမစိုက်။သူလုပ်ချင်ရာသာလုပ်သည်။အေးတိအေးစက်အပြုမှုတွေအောက် လူတိုင်းကဒူးပြေးထောက်ပစ်ချင်စရာ။ကျောင်းမှာလည်း ခပ်ချေချေမျက်နှာပေးနှင့် စီနီယာတန်းကအမကြီးများကပင် တိတ်တိတ်တစ်မျိုး ပေါ်တင်တစ်မျိုး တဖြုတ်ဖြုတ်ကြွေကြရသည်အထိ။ တော်လိုက်တတ်လိုက်တာဆိုတာလည်း အသက် ၁၃နှစ်နှင့်ပင်မလိုက် ပြေးလိုက်တဲ့ဥာဏ်ရည်။
၉တန်း၁၀တန်းကျောင်းသားတွေနှင့်ဟာလည်းဖြစ်လိုက်ရသည့်ရန်ပွဲ။တည်တည်ငြိမ်ငြိမ်နဲ့ပင် အတန်းကြီးတွေကို သူကချည်းဦးအောင်ဆော်ဆော်ပစ်တာ။ ရန်ဖြစ်ရသည့်အကြောင်းပြချက်အများစုကတော့ မိန်းကလေးကိစ္စပဲ။ အာကာယံမင်းကသွားရှုပ်တာတော့မဟုတ်ဘူး။ အတန်းကြီးကောင်တွေ ကြိုက်နေကြတဲ့ကောင်မလေးတွေက အာကာယံမင်းကို ကြိုက်ကြလို့ လာလာနွယ်ကြသဖြင့် ပညာပြန်ပြခြင်း။
အရှုံးဟူသည် မည်သည့်ဝေါဟာရနည်းဟု ပြန်မေးရလောက်သည်အထိ သူကအမြဲ အနိုင်ရရှိသူသာ။ဘယ်သူနဲ့ပြိုင်ပြိုင် ဘာပွဲဖြစ်ဖြစ်။
အစကတော့ ကွန်ပလိဖြစ်မှ တင်မလို့ပဲ
မနေနိုင်လို့ အပိုင်း၁တောင်မရေးရသေးပဲ တင်လိုက်ပြီ🥲
YOU ARE READING
𝗪𝗶𝗻𝗥𝗮𝘁𝗲 99%
Romance"ငါမင်းကို တအားစောက်မြင်ကပ်တာပဲ အာကာယံမင်း" "အေး အဲ့တော့" JUST FICTION!!DON'T THINK MUCH. !Warning!