1

65 1 0
                                    

"အာကာယံမင်းရဲ့ကား ​ကျောင်း​​ပေါက်ဝမှာလာပြီ"

အနက်ရောင်​ပြောင်လက်​နေ​သော ဇိမ်ခံကားတန်းသုံးစီးသည် ​အစိုးရ​ကျောင်းတစ်ခု၏ ​ကျောင်း​ပေါက်ဝတွင် အစီစဥ်တကျ ရပ်လိုက်​သောအခါ အနီးရှိ ​ကျောင်းသူ​ကျောင်းသားအားလုံးသည် လုပ်​ဆောင်​နေလက်စ​တွေကိုရပ်လိုက်ပြီး သူတို့၏ တာဝန်တစ်ခုကဲ့သို့ ကား​ပေါ်မှခပ်မိုက်မိုက်ဆင်းလာ​တော့မည့် ယံ စံအိမ်ကြီးရဲ့ တစ်ဦးတည်း​သော သခင်ငယ်​လေးအား မျက်​တောင်မခပ်တမ်း​​စောင့်ကြည့်​နေကြသည်။

အခြားကားနှစ်စီးမှ အနက်​ရောင်ဝတ်စုံပြည့်ဖြင့် လူ​လေး​ယောက်ထွက်လာကာ အလယ်တွင်ရှိ​​သော ကားတံခါး၏ ​ဘေးတစ်ဖက်တစ်ချက်စီတွင် အသင့်အ​နေအထားဖြင့်ရပ်​နေကြသည်။ ကားတံခါးသည် အလိုအ​​လျောက်စနစ်ဖြင့် ​ဘေးသို့ညှင်သာစွာရွေ့လျှားသွား​သောအခါ ကားတံခါး​နောက်ကွယ်မှ ကိုယ်​ရောင်ကိုယ်ဝါ​တောက်ပစွာဖြင့် ဆိုဖာ​ပေါ်ရှိ သခင်​လေးသည် သူ၏ ​နာမည်ကြီးအမှတ်တံဆိပ်ပါ ​ကျောပိုးအိတ်အား ကားအ​ရှေ့ခန်းမှ ထွက်လာသည့် အထိန်းတော်အား ​​သေချာစွာ​ပေးလိုက်သည်ကိုတစွန်းတစမြင်နိုင်သည်။ ထို့​နောက် အာကာယံမင်းသည် ကား​ပေါ်မှ ဝင့်ကြွားစွာ ဆင်းလာပြီး အထိန်း​တော်က ​နောက်မှ​နေ၍ သူ၏စာသင်ခန်းရှိရှာသို့သာ တစိုက်မတ်မတ်ဦးတည်သွားလိုက်သည်။ ​ဘေးမှ ​ကျောင်းသူ/သားတို့၏ အသံမျိုးစုံအား လျစ်လျူရှူလျက်။

"ဝိုး ယံသခင်​လေးလာပြီ"
"​ဟေ့ အာကာယံမင်းလာ​နေပြီ"
"အိုးးးး တို့အသဲ​လေး ဒီနေ့လည်း ​ချော​နေတာပါပဲ"
"အမယ် တို့က​လေး​လေးပါ​နော်"

စာသင်ခန်းရှိ ​နောက်ဆုံးအတန်း ​အတွင်းဘက်ထောင့်ဆုံးတွင် စာ​ရေးစားပွဲ​ပေါ် ​ခေါင်း​မှောက်လျက် ​ကျောင်းတက်​ခေါင်း​လောင်းမထိုးမှီစပ်ကြားရှိ အားလပ်ချိန်အား ​ကောင်းမွန်စွာ အသုံးပြု​နေ​သော ​သေး​သေးဖြူဖြူ ကျောင်းသားသည် စိတ်ရှုပ်ဟန်ဖြင့် စုပ်တစ်ချက်သပ်လိုက်ရင်း ​ဆူဆူညံညံအသံ​တွေ​ကြောင့် ခေါင်း​ထောင်လာရသည်။ ဆူညံသံ​တွေသည်ကား အာကာယံမင်း အတန်းထဲဝင်လာခြင်းဖြစ်​ကြောင်း သင်္ကေတတစ်ခု။

You've reached the end of published parts.

⏰ Last updated: Oct 23, 2023 ⏰

Add this story to your Library to get notified about new parts!

𝗪𝗶𝗻𝗥𝗮𝘁𝗲 99%Where stories live. Discover now