​ကောင်းကင်ပြာ

43 2 0
                                    

"ခွပ်"

"အာ့"

"မင်းလားမ​အေလိုး ငါတို့အာကာယံမင်းကိုအ​ပြေးပွဲမှာ ပုခုံးချင်းတိုက်တာ"

"​မနက်ကမမြင်လိုက်ဘူးလား မင်းစောက်လုံးကန်း​နေတာလား.."

ခပ်တိုးတိုးသာ​ရေရွတ်မိသည်။ သူသိတာက သူအခု တတ်နိုင်သမျှ ပန်းနု​​သွေးထားရမည်။မနက်က ပြိုင်ပွဲအတွင်း သူတို့​တွေရဲ့သခင်လေးကို အပြစ်လုပ်ခဲ့သည်မလား။

"​မေးတာကိုကျယ်ကျယ်​ဖြေ အ​ခြောက်​ကောင်"

​ကျောင်းအိမ်သာရှိ ​ထောင့်စွန်းအခန်းတွင် ​ကျောင်းသားသုံး​ယောက်ကမတ်တပ်ရပ်လျက် နံရံထက် အား​ပျော့စွာ မှီလျောင်း​နေ​သော ဖြူဖြူနုနု​ကောင်​လေးအား ထိုးကြိတ်​နေကြခြင်းဖြစ်စဥ်။ဖြူနု​သောပါးပြင်ထက် ထိုးကြိတ်ခံထားရ​သော ဒဏ်ရာထင်းထင်းနှင့်​ကောင်​လေးသည် မျက်နှာကိုအဆုံးထိငယ်ချထားကာ တစ်စုံတစ်​ယောက်အားဤဖြစ်စဥ်ကို သတိထားမိ​စေရန်သာ စိတ်ထဲဆု​တောင်း​နေသည်။

"ဘာဖြစ်​နေကြတာလည်း"

ရုတ်တရက်ထွက်​ပေါ်လာ​သောအသံ​ကြောင့် ​မျက်လုံး​လေးလက်ခနဲဖြစ်သွားရသည်။​ကျေးဇူးပြုပြီး ဒီလူ​တွေကို​ ဆရာနဲ့တိုင်​ပေးကြပါ။

"အာရုံ​နောက်စရာတွေ  Tsk!။"

​နောက်ထပ်ထွက်​ပေါ်လာ​သောအသံ​ကြောင့် ​မျက်ဝန်း​တွေ​ပြန်လည်မှေးကျသွားရသည်။ အသံပိုင်ရှင်က အာကာယံမင်း။ မနက်က ​​​ပြေး​နေရင်း သူပုခုံးချင်းပစ်တိုက်ခဲ့တဲ့က​လေး။ ဒါလည်း သူတမင်ရည်ရွယ်ခြင်း။ အမြဲတမ်း ပထမ ပထမ​တွေရ​နေတာ ​စောက်မြင်ကပ်လို့။ မနက်ကသာဝင်တိုက်ခဲ့​ပေမယ့် အခုလိုက မျက်နှာချင်းဆိုင်ဖို့မရဲ။သူ့ကိုထိုးနှက်​နေခဲ့​သော အာကာ့​နားကပ်ဖားရပ််ဖားစား​တွေက​တော့ မျက်နှာကိုဖြီးလို့။

"ဟိုတစ်​ယောက် ထွက်လာ"

ကျစ်..ပန်းနု​သွေးကလုပ်ရအုံးမယ် လခွမ်းပဲ။မ​သွေးလို့လည်းမရ ​​ဒေါ်ခင်မို့မို့သာ​အေးလိုက်ရင်ဖြင့် သူ့မိဘ​တွေကိုသာတိုင်ပြီး ​ငွေအင်အားလူအင်အားနဲ့တစ်ခုခုလုပ်လိုက်လို့က​တော့ ​ကောင်းကင်ပြာဘဝက​နေ ​မြေကြီးပြာဖြစ်ရ​အုံးမည်။

အဖြူ​ကောင်​လေးသည် သူ့ကိုရည်ရွယ်ပြီး​ခေါ်လာမှန်းသိသဖြင့် ခပ်​လေး​လေး ​ခြေလမ်းများဖြင့် ​အာကာယံမင်း​ရှေ့သို့ထွက်လာရသည်။ သူ၏မျက်နှာအား အဆုံးထိငယ်ချထားဖို့ကိုလည်းမ​မေ့။

"ငါတမင်မရည်ရွယ်ပါဘူး ငါ..ငါမနက်က​ပြေး​နေရင်း ​ဟိုဟာ​ချော်..ဟို ဟိုခြေ​ချော်သွား..."

"ပိန်းလွန်းတယ်"

ဂါးးး​စောက်ဂျပု အာကာယံမင်း ငါဒီမှာ ​ပြောလို့မပြီး​သေးဘူး​လေ။အရိုင်းစိုင်း​လေး။

အဖြူ​ကောင်​လေးသည် သူ၏နားရွက်​လောက်အရပ်သာရှိ​သော​ကောင်​လေးထံမှ စိတ်တိုဖွယ်အပြုမူကိုခံလိုက်ရ၍ ​ဒေါသ​တွေ ​စွေ့​စွေ့ခုန်​နေသည်။ အ​ကြောင်းမှာ အာကာယံမင်းက သူ၏နဖူးအား လက်ညှိုးဖြင့်ထိုးကာ "​​​စောက်ပိန်း"ဟု နှုတ်ခမ်းလှုပ်ရုံသာပြောသွားခြင်း​ကြောင့်။

အာကာယံမင်းတို့ ကိစ္စရှင်း​ပြီးလို့ အိမ်သာမှထွက်သွားကြ​သော်ငြား တစ်​ယောက်​သောသူမှာ​တော့ အိမ်သာထဲ ​ဆွေ့​ဆွေ့ခုန်လျှက် ​ဒေါသ​တွေထွက်​ကျန်ခဲ့သည်။

.......

​ကောင်းကင်ပြာတဲ့။ သွား​လေသူမိခင်က​တော့ ​ကောင်းကင်ပြာ​လေးကဲ့သို့ ကြည်လင်​အေးချမ်း​စေရန်ဟု ဤအမည်အားမှည့်တွင်​ပေးခဲ့သည်။

တကယ်တမ်း ထိုကောင်​လေးမှာသူ၏နာမည်အနက်ကဲ့သို့မ​အေချမ်းနိုင်။ ဖ​အေတစ်ခုသားတစ်ခု​ဘဝတွင် အရက်သမားအ​ဖေဖြစ်သူသည် မိတဆိုးသား​လေးမို့ ဖခင်​​မေတ္တာ​တွေအပုံလိုက်ကြီး​ပေးထားမည်မထင်​လေနှင့်။ မိမိ၏သားအ​​ပေါ်တွင် တာဝန်အရ​​ကျွေး​မွေးထားရုံနှင့်ပင် ​တော်​တော်လွန်​နေသည်ဟု စိတ်ထဲတွင် မှတ်ယူထားပုံရသည်။

အမြဲတမ်း ဖခင်ဖြစ်သူအရက်မူးလာလျှင် ​က​လေးတစ်​ယောက်အား မ​ပြောသင့်​သောစကား​တွေကထွက်​ပေါ်လာမြဲ။ ​

ဝမ်းနည်းစရာ​တွေကို ထုတ်​ဖော်မပြတတ်သည့် ​ကောင်းကင်ပြာအတွက် အ​မေမရှိပဲ​နေရသည်မှာ အ​တော်ပင်ခက်ခဲရပါသည်။မည်သူမျှ ​ကောင်းကင်ပြာအားမချစ်ပေးသလို ချိုချိုသာသာလည်းမဆက်ဆံ​ပေးကြ။ အ​မေသာလျှင် ​ကောင်းကင်ပြာ၏ စိတ်အလုံးစုံကိုနားလည်​ပေးနိုင်သည့် တစ်ဦးတည်း​သောလူသား။  မှတ်ဥာဏ်ထဲတွင် အ​မေ​ဆို​​သောအမျိုးသမီး၏အပြုံး​တွေသည် ခပ်ဝါးဝါးပုံရိပ်အဖြစ်ထင်ကျန်​နေ​သေးသည်။ ထိုအမျိုးသမီး၏အပြုံးပုံရိပ်များမှာ ခပ်​ရေး​ရေး​သော်ငြား တကယ်ကို​နွေး​ထွေးရပါသည်။ ​ကောင်းကင်ပြာ စိတ်ဝမ်းနည်းသည့်အချိန် အားငယ်သည့်အချိန်တိုင်း အ​မေဆိုသူ၏အပြုံး​တွေကို မြင်​​ယောင်လိုက်တာနဲ့  ​​​နွေးထွေးသောခံစားချက်နှင့်တစ်ပြိုင်တည်း အနည်းငယ် စိတ်သက်သာရသည်။

𝗪𝗶𝗻𝗥𝗮𝘁𝗲 99%Where stories live. Discover now