လွင့်{အပိုင်း၂}

26 5 2
                                    

အချစ်နဲ့ကြောက်စိတ် ပြိုင်ကြရင် ဘယ်သူနိုင်မလည်း?

အသက်20အရွယ် အညိုရောင် ကောင်လေး သည် စာအုပ်မဖတ်တဲ့လူပါ။ စာအုပ်တွေသာ ဝယ်စုခဲ့ပေမဲ့ ဘယ်စာအုပ်ကို ဘယ်သူရေးလည်း သူသေချာမသိဘူး စာရေးဆရာကိုမြင်ဖူးဖို့ဆိုတာ အဝေးကြီး
Camera တစ်လုံး စက်ဘီးတစ်စီး ရှိရင် သူ့အတွက်ပြည့်စုံပြီတဲ့လေ

"ခင်များကဘယ်သူလည်း ကျွန်‌တော် တကယ်မသိလို့ပါ ဓာတ်ပုံရိုက်တာကလည်း ဒီတိုင်း ခင်များက လှလို့ မဟုတ်ဘူး သိပ်လှနေလို့ ခင်များက တိမ်တွေနဲ့လိုက်ဖက်လို့ ရိုက်မိတာပါ တကယ်လို့အဆင်မပြေရင် ဖျက်ပေးပါ့မယ်"
ချယ်ရီပင်အောက်မှာ ဆွဲလားရမ်းလား လုပ်နေတဲ့ ပုံရိပ်က မသိတဲ့လူတွေကြည့်ရင် အတွဲတွေ ရန်ဖြစ်နေကြသလိုပေါ့..
"ဖျက်ပေး!!! နောက်ခွင့်ပြုချက်မရှိဘဲ မရိုက်နဲ့"
"မဖျက်ခင် ပုံလေးတွေကြည့်သွားပါလား ခင်များက သိပ်လှလွန်းတယ်"
"ပြ"
သူတကယ် ငါ့ကိုမသိဘူးလား သူ့ကိုကြည့်ရတာ တော်တော်ငယ်မဲ့ပုံ... သူလည်းအညိုရောင်နဲ့ သိပ်လိုက်တာဘဲ..

ပုံလေးတွေရှာပြီး အလုပ်ရှုပ်နေတဲ့ လူသားငယ် ကိုကြည့်ပြီး သူခနတော့ ပြုံးမိသွားသည်။ ချယ်ရီပင်ကို မှီထားတဲ့ကောင်လေး ရုတ်တရက် ‌ဂျီမင် ကိုမော့ကြည့်လိုက်တဲ့အခါ ဖြာထွက်လာတဲ့ ကော်ဖီနံ့သင်းသင်းလေး..

ဆွဲဆောင်ခြင်း
ချီနှောင်ခြင်း
မသိစိတ်က တစ်ရိပ်ရိပ်တိုးလာတဲ့ အချစ်ရဲ့အရိပ်အရောင်တွေကို သူတို့နှစ်ယောက်လုံး သိချင်မှသိပါ့လိမ့်မယ်....

"ဒီမှာ လာကြည့်ကြည့်"
သေချာပေါက် လှလှလေး အပြာရောင် အင်္ကျီလေးနဲ့ကောင်းကင်ကြီးသည် သာလွန်တာထပ် ပိုတဲ့ လိုက်ဖက်ခြင်းတွေနဲ့ တောက်တောက်ပြောင်ပြောင်လေး။ ပုံတစ်ပုံချင်းရဲ့ အောက်မှာ "by JKJ" ဆိုတဲ့ watermark လေး
"အင်း လှတယ်နော် ခုနက ငါရိုင်းမိသလိုဖြစ်သွားရင် sorryပါ"
"ဟုတ် ကျွန်တော်က ခွင့်မတောင်းဘဲ ရိုက်မိသွားတာလေ တောင်းပန်စရာမလိုပါဘူး"
"အင်းအင်း"
ခပ်ပြတ်ပြတ်ပြောပြီး ထွက်သွားတဲ့ ပုံလေးကို တစ်ယောက်သောသူက ထပ်ပြီးရိုက်တာကို အပြာရောင်လူသားလေးမသိခဲ့ဘူးလေ.... ဒါ့အပြင်
ပတ်ဂျီမင်ရဲ့ဘဝမှာ ဂျွန်ဂျောင်ကု က ပထမဆုံး တောင်းပန်ခံရတယ်ဆိုတာရော ဘယ်သူကသိမှာလည်း
မာနတွေက တံတိုင်းတစ်ခုလို ကာထားပြီး ခပ်ထန်တဲ့ စကားလုံးတွေသုံးနေကျ စာရေးဆရာမှ ဟုတ်သေးရဲ့လား..

You've reached the end of published parts.

⏰ Last updated: Jan 28, 2023 ⏰

Add this story to your Library to get notified about new parts!

လွင့်Where stories live. Discover now