"အနာဂတ်မှာရော ဘာဖြစ်မှာလည်း
အတိတ်ကလူတွေကရော ပြန်ပေါ်လာအုန်းမှာလား"ဇာတ်ကွက်တစ်ခုချင်းစီကို သူ့စိတ်ကြိုက်ပုံဖော်ပြီး စာဖတ်သူတွေအပေါ်ရက်စက်အုန်းမည်လား..
တစ်ချက်ချက် မြည်နေတဲ့ အပြာရောင် keyboardကထွက်လာတဲ့ အသံရယ် လက်နုနုလေးတွေရယ် ဘေးက ကော်ဖီခွက်အပြာရောင်လေးရယ် perfect..တီရှပ်အဖြူကိုမှ အပေါ်က အပြာရောင် လက်ရှည်အပါးလေးရယ် နှင်းလို ဖွေးအုနေတဲ့အသားရယ် မျက်မှန်အဝိုင်းတပ်ထားတဲ့ မျက်နှာလေးက သိပ်လိုက်ဖက်နေသည်။ဘယ်သူလည်း ပြေးမကြည့်နဲ့ နာမည်ကြီး စာရေးဆရာ ရှေ့နေကျောင်းဆင်း ပတ်ဂျီမင်...
ဝါသနာက ရှေ့နေပါ သူစိတ်ပင်ပန်းတိုင်း ချရေးထားတဲ့ စာစုစာတိုတွေကနေ နာမည်ကြီး စာရေးဆရာ ဖြစ်လာတာပေါ့။ ဒိတ်ဒိတ်ကျဲ စာအုပ်တိုက်တွေက ပိုက်ဆံအပုံလိုက်ပေးပြီး လက်တွဲဖို့ ပြောတာတောင် ချက်ချင်း ငြင်းခဲ့တဲ့လူ
ကိုရီးယားနိုင်ငံရဲ့ အဖိုးတန်လို့တောင် ပြောရတဲ့အထိ ဇာတ်ကွက်တိုင်းကိုလှလှပပ ပုံဖော်ခဲ့တဲ့လူပေါ့။
Jimin Parkလို့ လူသိများကြတယ်။"သား media တွေအိမ်ရှေ့မှာရောက်နေပြီ ခနလောက်ထွက်ခဲ့လို့ရမလား"
"ဟုတ် လာခဲ့မယ် မေမေ ခနစောင့်ခိုင်းလိုက်ပါ"ပွစောင်းစောင်း ဆံပင်တွေသည် သူ့ရဲ့တန်ဆာ။ ခပ်ထူထူ နှုတ်ခမ်းတွေ တစ်ဖက်ကိုအားပြု ပြုံးလိုက်ရင်
လူကြီးလူငယ်မရွေးကြွေနိုင်တဲ့အထိ ပြင်းရှခဲ့သည်။
ပတ်ဂျီမင်သည် အဆိပ်နဲ့အိမ်ရှေ့ တံခါးကို ဖွင့်လိုက်တာနဲ့ အလင်းရောင်ပေါင်း များစွာ... သာမန်လူတွေအတွက် မျက်စိကြိမ်းစရာဆိုပေမဲ့ ပတ်ဂျီမင် အတွက်အထူးအဆန်းမဟုတ်။ သွားလေရာ လိုက်ချောင်းတတ်တဲ့ media တွေက စိတ်ပျက်စရာပင်။
"Jimin Parkနောက်စာအုပ်အတွက် ရင်ခုန်နေပြီလားခင်ဗျ နောက်ထုတ်မဲ့စာအုပ်ကရော ဘယ်လို ပုံစံနဲ့ထွက်လာမှာလည်းခင်ဗျ"
"ဟုတ်ကဲ့ ရင်ခုန်ပါတယ် ဒါကတော့ သူသူကိုယ်ကိုယ် ရင်ခုန်ကြမှာဘဲလေ စာအုပ်တစ်အုပ်ထုတ်ဖို့ စာရွက်ကြမ်းတစ်ခုကို စ ကိုင်ပြီး အဆုံးသတ်တဲ့အချိန်အထိ ရင်မခုန်ရတဲ့ရက်မရှိပါဘူး အခုစာအုပ်ထုတ်မယ်ဆိုတော့ ပိုလို့တောင် ရင်ခုန်သေးတယ်ဗျ"