(6)

381 41 7
                                    

Gazing the Clouds
(Unicode)

အပိုင်း ခြောက်
သက်ဆိုင်ခြင်းမရှိသည့်အနက်ရောင် ဂျာကင်

"ဂျောင်ဝန်း"

စာတမ်းပြင်ဆင်ရင်း အချိန်အားဖြင့် ညခြောက်နာရီခွဲခန့်ရှိနေပြီမို့ဘေးနားက ဂျောင်ဝန်းကိုခေါ်ကြည့်တော့ သူကအိပ်တောင်အိပ်ပျော်နေပြီ။ ကိုယ့်ဘာသာရေးရတဲ့အပိုင်းကို ခဏရေးမယ်ဆိုပြီး အာရုံစိုက်နေမိတာ
သူဘယ်အချိန်က အိပ်ပျော်သွားမှန်းတောင်
မသိလိုက်။

"ဂျောင်ဝန်း"

"ဂျောင်ဝန်းနား"

ဘယ်လိုနှိုးနှိုးအင်းအဲလုပ်ကာပြန်အိပ်သည်မို့ ကိုယ်တိုင်စာတမ်းရေးရန်အတွက် လိုသည့်စာအုပ်ယူရန် စာကြည့်တိုက်သို့ကိုယ်တိုင်သွားဖို့ ဆုံးဖြတ်ကာလာခဲ့ရသည်။

"ဒီ Role မှာပဲရှိရမှာပါ ဘယ်လိုလုပ်မတွေ့တာလဲ"

စီထားသည့်စာအုပ်တွေဘေးကနာမည်တွေကို ဖတ်ကြည့်ထုတ်ကြည့်ရင်းရှာသော်လည်း မတွေ့တာမို့ အောက်ကအကန့်တွင်ရှာလိုက် ဘေးအကန့်တွင်ရှာလိုက်နှင့်အလုပ်ရှုပ်နေ၏။

"မင်းအိမ်ကိုစောပြန်မယ်မကြံနဲ့နော် ရှင်းရမယ့်စာအုပ်တွေအကုန် သေချာလုပ် စီစရာရှိတာစီ လှဲစရာရှိတာလှဲ"

ရုတ်တရက် ဘေးအကန့်တစ်ကန့်က စာကြည့်တိုက်မှုးအသံကြားသည်မို့ စာအုပ်တစ်အုပ်ကိုဖယ်ကာ ကြားထဲကနေချောင်းကြည့်မိသည်။

အကိုဂျေးကစာအုပ်စီနေရင်းကနေစာကြည့်တိုက်မှုးကို စိုက်ကြည့်နေ၏။

"မင်းစောပြန်ရင်လဲတန်းသိရမယ့်စီစီတီဗွီတွေရှိတာမို့လို့ ပြီးအောင်လုပ်ပြီးမှပြန်မဟုတ်ရင်သန့်ရှင်းရေးက နောက်တစ်ပတ်ထပ်တိုးကိန်းဆိုက်လိမ့်မယ်"

"နားလည်လား"

"သိပါပြီဗျာ ဆရာကလည်း"

"အင်း ဒါဆိုငါသွားပြီ"

"ပြန်တော့မလို့လားဒီအချိန်ကြီးစာကြည့်တိုက်ထဲမှာ ကျွန်တော်တစ်ယောက်တည်းဘယ်လိုနေရမှာလဲ"

"မနေချင်ရင်နောက်တစ်ခါအပြစ်ပေးခံမထိအောင် လုပ်ပေါ့သားရဲ့"

Gazing the CloudsWhere stories live. Discover now