(16)

323 26 3
                                    

Gazing the Clouds
(Unicode)

အပိုင်း တစ်ဆယ့်‌‌ခြောက်
ရုန်းကန်လေ ပိုပိုနစ်သည့်နွံငယ်

အခုတလောဆောင်းရာသီမို့အပူပေးစက်တပ်ထားသည့် ဂိမ်းဆိုင်ထဲဂိမ်းလာကစားသူနှင့်ကော်ဖီလာမှာသောက်သူတွေကြောင့် အလုပ်ကပိုများလာ၏။အမှိုက်တွေလဲများတာမို့သွားသွန်တော့ လမ်းထိပ်တွင်ရပ်နေသည့်ဟိုကလေးကိုတွေ့သည်။

"နှင်းကျနေတာကိုအခုထိအိမ်မပြန်သေးတာလား ဘယ်လိုကလေးမှန်းကိုမသိဘူး"

သူသတိမထားမိသေးတာမို့ အမှိုက်အိတ်ကိုချကာဆိုင်ထဲပြန်ဝင်မည်အလုပ် သူ့အနားကိုရောက်လာသည့် ကောင်မလေးနှင့်သူစကားပြောနေပုံမြင်လိုက်ရသည်။ခဏတာဆိုပေမဲ့ ရယ်လို့ပြုံးလို့မို့ဘယ်လိုမှ‌လျှော်လို့မရတဲ့ မသင်္ကာစရာအခြေအနေကရှိနေ၏။

"ပတ်ဆောင်းဟွန်း!!"

"ခင်ဗျာ!"

ခပ်သွက်သွက်သူ့အနားလျှောက်သွားကာခေါ်တော့ သူကအထိတ်တလန့်ပြန်ထူးလာသည်။

"မင်းဘယ်အချိန်ထိငါ့ဆိုင်ရှေ့ယောင်လည်
လည်လုပ်နေမှာလဲ မျက်စိတွေနောက်လာပြီနော်"

"ဒါဆိုလဲအထဲပေးဝင်လေဗျာဒီလောက်နှင်းကျနေတာ ဘယ်အချိန်ထိကျွန်တော့်ကိုအပြင်မှာဒုက္ခခံခိုင်းမလို့လဲ"

ဒုက္ခခံခိုင်းတယ်ဆိုတဲ့စကားကိုကြားတော့ ဘေးပတ်ဝန်းကျင်ကလူတွေက အနိုင်ကျင့်နေသည်ထင်ကာ ဝိုင်းကြည့်လာကြသည်။အမှန်အနိုင်ကျင့်နေတာအဲ့ကောင်လေ။ဉာဏ်နီဉာဏ်နက်များနေတာကိုများ။

"ဘယ်သူကမင်းကိုဒုက္ခခံခိုင်းလို့လဲ"

ဆိုင်ကနေထွက်ပြီးသူ့အနားကပ်ကာပြောတော့ သူကပြုံးကာနားကိုတိုးကပ်ပြောရန်ကြိုးစားသည်မို့ ရုန်းကန်လိုက်၏။သို့သော်လဲဘယ်ကမှန်းမသိသည့်အားအင်နှင့် ခါးကိုဆွဲမယူလိုက်သည်မို့ အင့်ခနဲအသံထွက်မိကာ ချက်ချင်း သူ့မျက်နှာနားနီးကပ်သွားတာကြောင့် ခေါင်းငုံ့ရှောင်ခံလိုက်မိသည်။

"မင်း!!"

"လူတွေရှိနေတာကို ဘယ်လိုဖြစ်နေတာလဲ"

Gazing the CloudsWhere stories live. Discover now