🍂ကြိုး🍂
ကျောင်းဖွင့်ဖွင့်ချင်း တန်းခွဲ B မှ
ကြားလာရတဲ့သတင်းကြောင့်
A အတန်း တစ်ခုလုံး ရုတ်ရုတ်သဲသဲ။KimTaeHyung က တန်းခွဲ B က
HanYuNa
နဲ့ တွဲနေတယ်တဲ့။"TaeHyung တကယ်ကြီးလားမင်း"
"ငါ့ပုံစံက နောက်နေတယ်ထင်လို့လား YoonGi
ငါတို့တွဲနေတာ တစ်ပတ်တောင်ပြည့်ပြီ"စကားကိုတမင်အသံမြှင့်ပြောလိုက်တော့ ဘေးမှာ စာရေးနေတဲ့ Jimin က သူ့ကိုမော့ငေးကြည့်လာတယ်။
အဲ့ဒီမျက်ဝန်းတွေထဲမှာတော့ စိတ်ဆိုးဒေါသထွက်နေတဲ့အရိပ်ယောင်တွေ ၊ မနာလိုဝန်တိုတဲ့ အငွေ့အသက်တွေပါမလာခဲ့ဘူး။ဒီတိုင်း အချိန်တော်တော်ကြာတဲ့အထိ
ခပ်ငေးငေးလေး
ကြည့်နေတာဖြစ်ပြီး TaeHyung ရဲ့
ကြည်လင်နေတဲ့စိတ်တွေကို မြူတစ်မှုန်စာတောင်မရှိတော့အောင်
အဝေးကိုလွင့်စင်သွားစေတယ်။"လိုက်ပါတယ်
မင်းတို့နှစ်ယောက်"ခပ်တိုးတိုးလေးဆိုရင်း
ပြုံးပြလာပြန်တယ်။ညင်ညင်သာသာလေး။ဘာလဲ?
ParkJimin က HanYuNa ကို ကြိုက်နေတာမဟုတ်ဘူးလား?TaeHyung နည်းနည်းတော့ ရင်ခံသွားသည်။
YoonGi ကတော့
အံ့သြလွန်းလို့ စကားများများပင်မပြောနိုင်။KimTaeHyung က HanYuNa ကို ဘယ်တုန်းက ကြိုက်ပြီး တွဲဖြစ်သွားတာလဲ?သေချာပေါက် သူ့ကိုတောင် တစ်ခါမှ မပြောခဲ့ဖူးဘူးလေ။
အရူးကောင်!""""""""""""""""""""""""""""""""
ယနေ့
အတန်းနောက်ကျသည်မို့
TaeHyung
ခေါင်းပင်မဖြီးနိုင်။
လက်ချောင်းဖြင့်သာ
အသာထိုးဖွလိုက်ရင်း
အတန်းထဲဝင်လာလိုက်သည်။
သူ့ပုံစံက ဖရိုဖရဲနိုင်ပေမယ့်
မျက်နှာပေါ်က
ချောမောမှုတွေက နည်းနည်းလေးမှ လျော့မသွား။အိတ်ကိုစားပွဲပေါ်ပစ်တင်လိုက်ရင်း
ခုံပေါ်လျော့တိလျော့ရွဲထိုင်နေမိသည်။ဘေးခုံကိုကြည့်မိတော့ ပိုးဟပ်ဖြူလေး ရှိမနေဘူး။ဘာလဲဟ!
သူကျောင်းပျက်တာလား?အတန်းရဲ့စံပြကျောင်းသား
လေးက ကျောင်းပျက်တတ်သေးပါလားဟု ခပ်ပေါ့ပေါ့တွေးလိုက်ရင်း စာသင်ချိန်များကို ပျင်းရိစွာဖြတ်သန်းလိုက်သည်။
YOU ARE READING
အပိုင်းအစတစ်ချို့
Fanfictionဝေးပဲသွားတော့မလိုလို ခုပဲနီးလာတော့မလိုလိုနဲ့ သောက်ဇယားမရှုပ်စမ်းနဲ့ ParkJimin!!!!..... KimTaeHyung ဆိုတဲ့ ငါ့ကိုပဲရွေး ငါ့မျက်နှာတစ်ခုထဲကိုပဲကြည့် ငါ့တစ်ယောက်ထဲကိုပဲ မိုက်မိုက်ကန်းကန်းချစ်စမ်းပါ။