(Heize ရဲ့ On Rainy Days
နားထောင်ပြီး ဖတ်ပါဗျ💗)>>>>>>>>>
မောင်.....
အဖိုးတန်ဖြစ်တည်မှုလေးမို့
ငါ ဝေးဝေးကပဲ
ငေးကြည့်ချင်ဖူးတယ်။မပတ်သက်ချင်ယောင်ဆောင်ပြီး
ခနခနရန်တွေဖြစ်လည်း
မောင့်ဘက်က ဖြည်းဖြည်းချင်း
ချည်တဲ့ကြိုးတွေ
ငါသတိမထားမိခင်မှာပဲ
နှလုံးသားတစ်ခုလုံး
ရစ်ပတ်ထားနှင့်ပြီ။မပြည့်မစုံဘဝမို့
မောင်ကငါနဲ့
အဆင်ပြေနိုင်ပါ့မလားဆိုတဲ့စိတ်က
အချိန်တိုင်းသတ်တယ်။ဝေးဝေးပြေးဖို့ကြိုးစားရင်း
နီးစပ်မိသွားတဲ့အခါ
အခါခါနာကျင်ရတဲ့လူက
ငါပါပဲ။ငါချစ်တယ်
ငါမင်းကို ....
သိပ်ချစ်တာပဲမောင်ရယ်။>>>>>>>>>
"ချရေးလိုက်
မင်းလိုချင်တဲ့ Amount"မောင့်မာမီရဲ့ အကြည့်တွေက
စူးရဲနေပေမယ့် အနည်းငယ်လည်း တောင်းပန်တိုးလျှိုးဟန်ဖြစ်နေခဲ့ပြန်တယ်။ရွှေဘုံစံဘဝမှာ တယုတယထားခဲ့တဲ့ တစ်ဦးတည်းသောသားဟာ
မျိုးတူယောင်္ကျားလေး
တစ်ယောက်ကိုမှ ချစ်မြတ်နိုးတယ်လို့ လက်ခံနိုင်ပုံမရ။"........."
"နောက်တစ်နှစ်ဆို သူ့ကို
ပညာတော်သင်ပို့မှာ ။
တစ်ကယ်ချစ်တာသေချာရင်
သူ့ဘဝလေး လှနေတာကိုပဲ
ကြည့်သင့်တာမလား။
မင်းနဲ့ဆက်ပြီးပတ်သက်နေရင်
အမွေဖြတ်စွန့်လွှတ်ပစ်လိုက်မှာ""မနှင်လည်း သွားရမယ့်သူပါ။
ကျွန်တော်စွန့်လွှတ်ပေးမှာမို့
တစ်ခေါက်လောက်ပဲ ထပ်တွေ့လို့ရမလား။ နောက်ဆုံးတစ်ခေါက်ပါပဲ">>>>>>>>>>>
ရက်သတ္တပတ် တစ်ခုလုံး
ကြည်လင်သာယာနေခဲ့တဲ့ရာသီဥတုဟာ မောင့်ကိုနှုတ်ဆက်မည့်နေ့မှ
ထူးထူးဆန်းဆန်း မှိုင်းညှို့နေခဲ့သည်။ခပ်ငြိမ်ငြိမ်တိုက်ခတ်နေတဲ့ လေတွေထဲ မိုးစက်တစ်ချို့ကပ်ပါလာပြီး ကျွန်တော့်ရင်တစ်ခုလုံး အေးခဲထုံကျင်နေခဲ့တယ်။
မောင်နဲ့အကြာကြီး ချစ်ခွင့်ရမယ်ထင်ခဲ့တာ။ မောင့်မျက်ဝန်းညိုတွေကို ဒီထက်အကြာကြီး ငေးကြည့်ခွင့်ရချင်သေးတာ.........။
YOU ARE READING
အပိုင်းအစတစ်ချို့
Fanfictionဝေးပဲသွားတော့မလိုလို ခုပဲနီးလာတော့မလိုလိုနဲ့ သောက်ဇယားမရှုပ်စမ်းနဲ့ ParkJimin!!!!..... KimTaeHyung ဆိုတဲ့ ငါ့ကိုပဲရွေး ငါ့မျက်နှာတစ်ခုထဲကိုပဲကြည့် ငါ့တစ်ယောက်ထဲကိုပဲ မိုက်မိုက်ကန်းကန်းချစ်စမ်းပါ။