part6

413 27 0
                                    

" ခင်ဗျားမြန်သားဖဲ ..ကျုပ်က ...."

ဟမ့် ကြည့် ကြည့် ဒီလူ ဒီလိုလုပ်လာမယ်ဆိုတာထင်သားဖဲ  ..

" သွားမယ်လေ ကိုယ့်ကိုဘာလို့အဲ့လိုကြည့်နေတာလဲ "

" ခေတ်သစ်ရိပ်ပျော် !!! ခင်ဗျားဘယ်လိုတွေ၀တ်လာတာလဲ ခင်ဗျားကိုယ်ခငိဗျားပြန်ကြည့်စမ်း"

ခေတ်လည်း ထိုလူစကားကြောင့် မိမိကိုယ်ကိုပြန်ကြည့်မိသည် မွေးနေ့ပွဲဖစ်တာကြောင့် အမအယ်လီပေးခဲ့သည့်ထဲမှ အနီရောင်ကိုခြေသလုံးတစ်၀က်ထိရှည်သည့်ဂါ၀န် လေးသာ၀တ်ထားခြင်းဖြစ်သည် ဂါ၀န်အပေါ်ပိုင်းသည် လက်ရှည်ဖြစ်သော်ငြားရင်ဘက်တွင်အနဲငယ်ဟိုက်သည်ဟုခံစားရသောကြောင့် ဆံပင်တုအရှည်လေးပင်ပြောင်းတပ်လာသေးသည်  သို့သော်ခြုံကြည့်လျှင်ဘာမျှထွေထွေ‌ထူးထူးတော့ရယ်မရှိပါ

"  ကိုယ်ကြည့်ရဆိုးနေလို့လား  ကိုယ်က တော့အဆင်ပြေတယ်ထင်တာဖဲ  "

" ဆိုးတရ်အရမ်းကြည့်ရဆိုးတရ် ခင်ဗျားမှာ ဒီထက်ကောင်းတဲ့၀တ်စုံမရှိတော့ဘူးလား ကျုပ်သူငယ်ချင်းမွေးနေ့သွားမှာ ဂုဏ်သရေရှိလူတွေရှိတဲ့နေရာကိုသွားမှာ  ခင်ဗျားပုံစံက clubကအပျော်မယ်လိုဖဲ ဘလိုမှ အဆင့်ကိုရှိမနေဘူး"

"တတိုင်းယုဂံ  ကိုယ်လဲမင်းပြောသမျှ မင်းစည်းကမ်းအတိုင်းကြိုးစားပြီးနေပေးနေတာဖဲ ကိုယ်ကယောကျားလေးမိန်းခလေးမဟုက်လို့ ကောင်းတာမကောင်းတာမသိဖူး ပွဲတွေလဲမတက်ဖူးလို့ ဘာပွဲကဘလို၀တ်ရလဲကိုယ်သေချာမသိဖူး  "

ခေတ်သစ်ရိပ်ပျော်ဆိုတဲ့လူကပြောရင်းအသံတုန်လာတာကြောင့်လှည့်ကြည့်မိတော့ ကြောင်မျက်လုံးမှာ မျက်ရည်ဝဲနေပြီဖြစ်သည်

" ကျစ်  ခင်ဗျားကားပေါ်တက်တော့ "

ကားလေးသည် အစိမ်းရောင်ရှိ‌သော 3D ဆိုင်ဘုတ်ခပ်ကြီးကြီး ရှေ့တွင်ရပ်လိုက်သည်ကြောင့် ခေတ်စူးစမ်းကြည့်ရာ မှန်အကြည်မှဖောက်မြင်ရသောနေရာတွင်  လူတစ်ရပ်စာအနက်ရောင်အရုပ်တွေကိုမြင်ရသောကြောင့် fashion ဆိုင်တစ်ခုသို့ရောက်နေမှန်းသိလိုက်သည်

" တတိုင်းယုဂံ မင်းအကျီ၀ယ်မလို့လား "

" ကျုပ်နာမည်က်ို တတိုင်းယုဂံလို့ခေါ်နေရတာမမောဖူးလား ကျုပ်ကတော့နားညီးတယ် "

ချစ်မိရင်သွားပီ Where stories live. Discover now