အပိုင်း (၃)

56 9 9
                                    

လူတိုင်းဟာ ချစ်ခြင်း မေတ္တာနဲ့ ပတ်သက်တဲ့ သီးခြား ယူဆချက်တွေ ရှိလိမ့်မယ်။
သူ့အတွက်တော့ အင်အား ကြီးချင်တာ။
အာဏာ တည်ဆောက်ချင်တာ
အကြောင်းပြချက်အားလုံးဟာ ချစ်တဲ့သူတွေကို ကာကွယ် စောင့်ရှောက်ချင်တာပဲ။
အဲ့အတွေးအခေါ် တစ်ခုလုံးကလည်း နှစ် တွေဆီက သင်ယူခဲ့ရတာပဲ။

Jimin ပြန်ရောက်နေတယ်။
ရောက်လာတဲ့ သတင်းစကားကြောင့် လက်သီးဆုပ်က မဖြေမိ။ (၁၈)နှစ်တောင် မပြည့်သေးတဲ့ ကလေးက အရွယ်ရောက်လာပြီပဲ။ သူ Jimin ကို လျှော့တွက်မိတာပဲ။

ဟုတ်တယ် ဒါက Jimin သူ့စကားကို နားမထောင်တဲ့ လက်တစ်ဖက်မပြည့်တဲ့ အကြိမ်ရေတွေထဲ ထပ်ပေါင်း ထည့်ရဦးမယ်။ အကြောင်းပြချက်က ဘာလဲ လို့တော့ သူ နားမထောင်ချင်ဘူး။

________________________
______________________

"ပြန်လာရမဲ့ အကြောင်းရှိရင်
ကိုယ့်ကို ပြောရောပေါ့
လာကြိုပေးမှာပေါ့

ဒါမှမဟုတ်လည်း တစ်ယောက်ယောက်ကို လွှတ်လို့ရတာပဲ"

စိတ်ဆိုးလိုက်ပါ။
ပေါက်ကွဲလိုက်ပါ။
အသုံးမကျဘူးလို့ အပြစ်တင်လိုက်ပါ။
ဂျီမင်း ဆုတောင်းပေမဲ့ မပြည့်ဘူး။ မင်ယွန်းဂီ မျက်နှာက ကြည်ကြည်လင်လင်ပဲ။

ဒါပေမဲ့ တွန့်ချိုးထားတဲ့ မျက်ခုံးတွေက မပြေသေး။ သူ ဦးနဲ့ အတူနေလာခဲ့သမျှ သက်တမ်း တစ်လျှောက်လုံး သိတယ်။ မျက်နှာက ကြည်လင်ပြီး နှုတ်ခမ်းက ပြုံးနေရင်တောင် ဒီမျက်ခုံးတွေက အလိုမကျ ဖြစ်နေတာ။ ယွန်းဂီက အမြဲ အရှိန်အဝါ ကြီးတယ်။ အေးဆေးတည်ငြိမ်ရင်တောင် သူ့အရောင်၊ သူ့အပြုံး အကုန်လုံးက ရှိန်စရာကြီးပဲ။

"ကျနော် ဦး ကို လွမ်းလို့ပါ"

"ဟား ဟား"

မင်ယွန်းဂီ ရယ်လိုက်တာက တိုးတိုးလေး။ ဒါပေမဲ့ သူ့တစ်ကိုယ်လုံးကို ဝါးမျိုတော့ မလိုပဲ။ မရင့်ကျက်လိုက်တာ၊ ကလေးကလား နဲ့ ဆိုတဲ့ လှောင်ရယ်သံအားလုံးဟာ အဲ့ ရယ်သံမှာ အကြုံးဝင်နေတယ်ဆိုတာ သိတယ်။

"ထားပါလေ
ရောက်လာမှတော့ ကောင်းကောင်း အနားယူပေါ့"

မင်ယွန်းဂီ ခြေလှမ်းတွေက ထွက်သွားဖို့ ပြင်နေပြီ။ ဒီအဝါရောင် အိမ်ကလေးထဲ ဦး မပါဘဲ ချန်ထားခဲ့ဖို့ စိတ်ကူးနေတာလား။

Xanthophile (YoonMin Fan Fiction)Where stories live. Discover now