အဝါရောင်က ပျော်ရွှင်ခြင်း တဲ့။
ဘယ်သူမှ မသိအောင် နာကျင်တာတွေ ကာထားတဲ့ အရောင်ရော မဖြစ်နိုင်ဘူးလား။
ဒီအိမ်လေးမှာ သူတို့ အတူရှိနေသ၍ကတော့ ပျော်ရွှင်နေမှာ၊ ကြည်လင်နေမှာ၊ လုံခြုံနေမှာ
တစ်ယောက်ဒဏ်ရာ တစ်ယောက် ကာထားနိုင်ဦးမှာ။နှစ်ယောက်အတူ ဒီဝပ်ကျင်းလေးမှာဆို ဘယ်လောက်ကောင်းလိမ့်မလဲ။
အသံမကြားရအောင် ဂရုတစိုက် ထ သွားတဲ့ ဦးဟာ ဘယ်တော့မှ မပြောင်းလဲပါဘူး။ ဒီလောက်ဆိုရင်ပဲ ကံကောင်းခြင်း ဆိုတော့ရော တက်မိတဲ့လောဘဟာ ရပ်သွားတယ်ရယ်မှ မရှိဘဲ။
သူ့တစ်ယောက်တည်းအပေါ် ထူးခြားတယ် ခံစားရတာမို့ သူလည်း ထူးခြားချင်ပါတယ်။ ဖြေးဖြေးနှေးနှေး ဦးဟာ ရေချိုးခန်းထဲဝင်သွားတုန်းမှာပဲ ဂျီမင်း ထ လာလိုက်တယ်။
မနက်ခင်းတွေဟာ ဒီလို အမြဲလှနေရင် ကောင်းမှာပဲ။ ဦးဟာ သူ့ တည်ငြိမ်ပုံ တည်ငြိမ်နည်းလေးအတိုင်း ရှပ်လက်ရှည်နဲ့ ချည်သား ဘောင်းဘီ ပွပွကို ဝတ်ဆင်ထားတယ်။ ဘယ်ကိုမှ မသွားရတဲ့အခါ ဦးဟာ အမြဲ ရိုးစင်းနေလေ့ရှိတယ်။ အိမ်ဝါလေးထဲမှာ ကျနော်တို့ဟာ ဟန်ဆောင်မှု ကင်းတယ် မဟုတ်လား။
ခြံထဲက ရာသီပေါ် သီးနှံတွေနဲ့ လက်လုပ်ခေါက်ဆွဲ။
ဒါက ဘယ်ဆိုင်မှာမှ မရတဲ့ သီးသန့် လက်ရာပဲလေ။ အရသာ ရှိရှိစားပြီးတဲ့နောက်မှာ ဦးဟာ စာအုပ်တစ်အုပ်ကို ယူပြီး ခြံထဲကို ဆင်းလိမ့်မယ်။ သူကလည်း ဦးရဲ့ဘေးမှာ မေယာင်မလည်နဲ့ ဘောင်ခတ်ထားတဲ့ မျက်မှန်ဝိုင်းအောက်က မျက်ဝန်းတွေကို ကြည့်မိဦးမယ်။"ကာနိုလာတွေ ပွင့်လာတာ တအားလှတာပဲနော်"
သူ့ခေါင်းကို ပွတ်ပြီး ကမ်းပေးလာတဲ့ အဝါရောင် လက်ဖက်ရည်။
ပျားရည်နံ့ သင်းသင်းကလေးနဲ့ ပန်းနံ့မွှေးမွှေးကလေးက ရောစပ်လို့။ ဒါကလည်း ဘယ်မှာမှ ရနိုင်လိမ့်မယ် မဟုတ်တဲ့ အရသာပဲ။
ဂျီမင်းက အိပ်ပျော်ဖို့ ခက်မှာစိုးလို့ ကဖင်းဓာတ်မများတဲ့ သီးသန့် Canola+Honey tea ပေါ့။
ဒါတွေကို ယွန်းဂီက အမြဲ အသေးစိတ် စီမံလေ့ရှိတယ်။
YOU ARE READING
Xanthophile (YoonMin Fan Fiction)
Fanfictionမင်းက ငါ့ အဝါရောင်ကလေးပါ နာကျင်ကိုက်ခဲမှု မှန်သမျှ ဒီအလင်းတွေနဲ့ ကာထားတာ