Day 8

317 43 7
                                    

ပဟေဠိဖွဲ့ရင်း အဖြေမေ့သွားသလိုမျိုးပဲ
သူ့ကို အဖြေထုတ်ရင်း ငါကဘာလဲ
မေ့သွားဖူးတယ် ဦးနှောက်သံကြေး
ဘယ်အက်ဆစ်စားသလဲ  ။

。。。

သူခြေကုပ်မိနေတယ်။ ဟုတ်ပါတယ်။ နားကြားမမှားပါဘူး။ မွေးကတည်းက တစ်နေရာတည်းမှာ ငြိမ်ငြိမ်နေမရအောင် ငြိမ်နေတာနဲ့ ခြေဖဝါးယားလာတတ်တဲ့ သူက အခု အိမ်မှာချည်း ခြေကုပ်မိနေတယ်။

နှစ်ခါပြန်မေးစရာမလိုဘူး။ အကြောင်းအရင်းက သူ့ကို ရုပ်တည်ကြီးနဲ့ ခြိမ်းခြောက်တတ်တဲ့ Build Jakapanဆိုတဲ့ ဆရာသမားကြောင့်ပါပဲ။ ပိုဆိုးတာက Buildသူ့ကို ခြိမ်းခြောက်ရုံသက်သက်မဟုတ်မှန်း သိနေတာပဲ။

သူသာ လုပ်ချင်ရာလုပ်ရင် Build Jakapanကလည်း လုပ်သင့်တာကိုပဲ လုပ်မှာပါဆိုတဲ့ လူမှန်ကြီးမလို့ ကြက်သီးတွေပါထအောင် လန့်ရတယ်။

နောက်တစ်ပတ်ထဲ စာမေးပွဲစစ်မယ်ပြောတာလည်း နောက်နေတာမဟုတ်ဘူး။ သူ့ကို ကြည့်ရမယ့်စာတွေ ထိုးပေးတဲ့အထိ အတည်ဆိုတာ သူမယုံနိုင်သေးဘူး။ ဘာလို့ဆို ဒီစာတွေက သူနဲ့ မရင်းနှီးသေးသလိုကို စိမ်းနေတာမလို့ ညှာမယ်ပဲထင်ထားတာ။

ဘယ်ဟုတ်မလဲ။ မင်းဒီစာတွေချည်း နှစ်တိုင်းကြည့်နေရတာ dejavuရပြီး စာမေးပွဲအောင်နေပြီမဟုတ်လားတဲ့။ ပြောတတ်ချက်ကတော့ လက်လန်တယ်။ အဲ့လောက်ထိသာ ရင်းနှီးနေပြီဆို ဒီနှစ် သူ Buildလို ဆရာမျိုးနဲ့ စာသင်နေရပါ့မလားလို့။

သူ့ကို တစ်ချက်မှ မျက်နှာသာပေးဖို့ အစီအစဉ် Buildမှာ မရှိတာကတော့ သေချာနေပါပြီ။ ကြာလာတော့လည်း သူလိမ်လိမ်မာမာနေနေရတာက ဗိုက်ထဲတောင် မကောင်းဖြစ်ချင်လာတဲ့အထိပဲ။ ဒါပေမဲ့ သူဘာမှလည်းမတတ်နိုင်ပြန်ဘူး။

အာဏာကို အိမ်က အဖေထက် သူများအိမ်က ဆရာက ပိုင်နေတယ်။ ဖြစ်ချင်တော့ အမြဲနိုင်နေတဲ့ သူကလည်း အခုမှ အရှုံးကြီးရှုံးနေတာချည်းပဲ။

စိတ်ထဲကသာ ဘာလုပ်လိုက်မယ်ညာလုပ်လိုက်မယ် ပြောနေတာ။ Build Jakapanသာ တစ်ချက်ခေါင်းငဲ့ကြည့်လိုက်။ စာဖတ်နေရင်း ဘောပင်လှည့်နေတာပါ မသိမသာ ရပ်ပစ်လိုက်တဲ့ ကောင်မျိုး။

SmileWhere stories live. Discover now