လက်ငါးချောင်းပဲ ထောင်ထား
မေးခွန်းက တစ်ခုတည်းပဲ
ချစ်မိနေတဲ့ကောင် လက်ထောင် ။。。。
စာမေးပွဲနားနီးလာလို့ ထင်ပါရဲ့။ Bible Wichapasတို့အထူး ငြိမ်နေတယ်။ ဒါမှမဟုတ်ရင် အပြစ်လုပ်ထားလို့ ငြိမ်နေတယ်ဆိုလည်း မှန်သွားနိုင်တာပဲ။
အပြစ်လုပ်ထားတဲ့ကောင်တွေ အကြောက်ဆုံးစကားက မေးစရာရှိတယ်ဆိုတဲ့ စကားဆိုတာကို သူက မယုံဘူးလေ။ တကယ်လည်း သူ့အဖေဆီက အဲ့စကားကြားရတောင် သူမလန့်ဘူး။
သူက တည့်ဖြေမယ့်ကောင်။ လုပ်ရဲရင် ခံရဲတယ်။ ဒါပေမဲ့ မပိုင်ဘဲ ရိုက်တဲ့ခြင်က လက်ဖဝါးနာရုံပဲ ရှိမယ်။
သူBuild Jakapanကို လိမ်ပြီးညာပြီး သူငယ်ချင်းတွေနောက် ကောက်ကောက်ပါသွားပြီး နောက်တစ်နေ့မှာပေါ့။ စာအထူးကြိုးစားနေတဲ့ သူ့ကို Buildက အတန်ကြာမှ စကားစလာတယ်။
"Bible ငါမင်းကို မေးစရာရှိတယ်"
ဗုဒ္ဓေါ!
ကျောမတ်သွားတဲ့ သူ့ပုံက ကိုးရိုးကားရားအနိုင်ဆုံးဖြစ်လိမ့်မယ်။ တစိုက်မတ်မတ်ကြည့်နေတဲ့ အကြည့်တွေအောက်မှာ Bible Wichapasတစ်ယောက် ပထမဦးဆုံး မျက်နှာချိုသွေးခဲ့ရဖူးတယ်။
"ဘာလဲဟင်"
သူ့အသံက ပုရွက်ဆိတ်အကြိုက်ဖြစ်မယ်။
Buildက သူ့ကို ကြည့်နေတုန်းပဲ။ သူအတတ်နိုင်ဆုံး မျက်နှာထားကို ထိန်းထားပေမဲ့ စိတ်ထဲကနေ အပြစ်မှန်သမျှကို စာစီသလို တန်းစီတွေးနေမိတယ်။
"မင်းမနေ့က စာကြည့်တိုက်သွားတာ မဟုတ်လား"
သူခေါင်းညိတ်ရမယ်။ ဟုတ်တယ်။ ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ ပြောလိုက်သေးတယ်။
"မဟုတ်ဘူး"လို့။
ကိုယ့်ကိုကိုယ် ဖော်လိုက်တာပဲ။ အရင်လို ငါမှန်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုးပါမနေတာပဲ ရှိတယ်။ Build Jakapanက ဘာမှမပြောတော့ဘဲ စာကို အာရုံစိုက်ပေးဖို့ ပြောတယ်။ အေးလေ။ ဒီလူသိပြီးသားပေါ့။
YOU ARE READING
Smile
Fanfictionအပြုံးမရှိတဲ့ အဘိဓာန်ကပြောတယ် မာတိကာက ရုပ်နာမ်ဟာ ဘတ်ငါးရာတန်သတဲ့ ။ S.O˙˙29122022˙˙ E.O˙˙2032023˙˙