(28) စီးခုန်မေ့ဟွား ( Extra 2)
တော်ဝင်မင်းသားကြီးရဲ့ သားတော်ငယ် စီးခုန်မေ့ဟွား ဟာ စီးခုန်မျိုးနွယ် အမည်ခံတွေ ထဲမှာ ကံအကောင်းဆုံး ဖြစ်ခဲ့ သလို ကံအဆိုးဆုံးလဲ ဖြစ်ခဲ့လေတယ်။
မွေးပြီးကတည်းက ဂြိုလ်ဆိုး ၃ ယောက်နဲ့ လက်ထပ်ဖို့ နိမိတ်အဖက်ခံ ရပေမယ့် ဝမ်းကွဲဧကရာဇ် စီးခုန်ချီမြန်ရဲ့ နှစ်သက်မှုကို ခံခဲ့ရတာကြောင့် သူ့ဘဝမှာ အနောက်အယှက် ဆိုတာ သိပ်ပြီး မတွေ့ခဲ့ရပေ။
အမှန်တိုင်း ပြောရရင် သူ့ဘဝ ကမှ တစ်ခြား ဘယ်သူ့မဆိုထက် ပိုကောင်းနေခဲ့တယ်လေ။ နောက်ထက် ဧကရာဇ် စီးခုန် ချီယာ့ လက်ထက် ကျပြန်တော့ လည်း တော်ဝင်မင်းသားကြီး ဘွဲ့ အပ်နှင်းခံရကာ ပေ့စစ်သူကြီးကိုပါ ရခဲ့တဲ့ အပြင် စီးထူ မင်းသားနဲ့ ဟွမ်မင်းသား တို့ကို ကိုယ်လုပ်တော် အဖြစ် ရခဲ့တယ်လေ။
အရင်ဆုံး စစ်သူကြီး ပေ့ကို တရားဝင် ခင်ပွန်းကြင်ယာတော် အဖြစ် လက်ဆက် ခဲ့ပြီးနောက် နှစ်မှာပဲ စီးခုန်ယိကျင်း ဆိုတဲ့ သားတော်လေးကို မွေးဖွားပေးခဲ့တယ်။ ထိုကောင်လေးက ပေ့စစ်သူကြီး ရဲ့ ဟန်ပန်ရှိပြီးတော့ မေ့ဟွားရဲ့ တော်ဝင်အရှိန်အဝါကို ပိုင်ဆိုင် ထားတဲ့ အကြီးဆုံး သားတော်ပဲ ဖြစ်လေတယ်။
ထိုစီးခုန်ယိကျင်း က အခုတော့ ချင်းမိသား အမည်နဲ့ မိသားစု ခိုင်းစားတာကို ခံနေရပါပြီ။
ပေ့လန်ကျင်း အတွက်ကလေး တစ်ယောက် မွေးပြီးတဲ့ အခါ ကလေးမွေးတာ နာကျင်ရမှန်း သိသွားပေမယ့် တစ်ခြား သူတွေ နာကျင်မှာ စိုးရိမ်တဲ့အတွက် စီးထူ ရှောက် အတွက်လည်း ကလေးကို နောက် ၂ နှစ်အကြာမှာ မွေးခဲ့လေတယ်။
ထိုဒုတိယ ကလေးနာမည်ကတော့ စီးခုန် အာ့ရှောက် ဖြစ်ပြီးတော့ စီးထူလိုမျိုး တောင့်တင်းတဲ့ ကောသားလေး ဖြစ်လေတယ်။ အသားအရည်က ညိုညိုလေး ဖြစ်ကာ ခန့်ညားနေခဲ့တယ်။ ကိုယ်ဝန်ဆောင်အမှတ်သာ မရှိပါက ကောအမျိုးသားတိုင်း နဲ့ မိန်းကလေးတိုင်း က လုချင်ကြမယ့် သူပဲ ဖြစ်တယ်။
သူ့ကိုတော့ အသက် ၁၀ နှစ် ဖူးပွင့်စ ကာလ ရောက်မှ အဆင့်၅ ' ဟူ ' မင်းသမီး ဘွဲ့ပေးအပ်ခဲ့ ပြီး အကိုတွေ၊ မောင်တွေနဲ့ အတူ တော်ဝင်စာကြည့်တိုက်မှာ တရားဝင်စာ သင်ကြားခြင်း ခံခဲ့ရတယ်။
YOU ARE READING
[Complete] [BL ]မင်းအပြုံးလေး တစ်ခုနဲ့တင် လုံလောက်ပြီ💟
Random[ ဒါက ကော လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်နိုင် တဲ့ အမျိုးသားတွေ အကြောင်းပါမှာ ဖြစ်ပါတယ်။ ဒါကြောင့် B X B မကြိုက်တဲ့ ၊ M Preg ကိုမကြိုက်တဲ့ ဘေဘေးတို့ လက်ရှောင်သွားကြဘာ။ ပြီးတော့ အသက်ငယ်ငယ်လေး နဲ့ လက်ထပ်တာ မျိုးလဲ ပါလို့ အတုမယူကြဖို့ တောင်းဆိုလိုပါတယ်။] ကဲ...