ဘာလိုလိုနဲ့ မင်္ဂလာရက်တောင် ရောက်လာပြီလေ မောင်က ဒီရက်ပိုင်း လာမတွေ့ဘူး အလုပ်ရှုပ်နေလို့ ထင်ပါရဲ့
'သားလေး...အဆင်ပြေအောင်နေနော် သားထယ်ကိုလည်း ဂရုစိုက် အိမ်ထောင်တစ်ခု တည်ဆောက်ပြီဆိုကတည်းက နားလည်မှုနဲ့ တည်ဆောက်ပါ'
ဂျောင်ဂုကို မှာသင့်တာတွေမှာနေတဲ့ Mr.jeonဟာ မျက်ရည်များနဲ့ သူမ
သားလေးကို စိတ်ချသွားနိုင်ခဲ့ပြီ သူမ သားငယ်လေးအား ဘယ်လောက်ချစ်ကြောင်းဖော်ပြ နေသယောင်....'အိုမား ကလည်း မငိုပါနဲ့ အိုမား ငိုတော့ ဟင့် သားက ဘယ်စိတ်ကောင်းမလဲ'
'ဝမ်းသာလွန်းလို့ပါ အိုမား စိတ်ချသွားပြီ သားငယ်လေးကို'
'အိုမားကလည်း...ဟင့်'
ကျွန်တော်ငိုမိတယ် ဘာလို့ဆို အိုမားက ကျွန်တော် အချစ်ဆုံးလူသားပေ။ အိုမားက ကျွန်တော်ကို အမြဲဖေးမတယ် နှစ်သိမ့်တယ် အရာရာဖြည့်ဆည်း ပေးခဲ့တယ် အာပါး မရှိပေ့မယ် အိုမား မေတ္တာ တစ်ခုတည်းနဲ့ လုံလောက်တဲ့
အထိ ချစ်ပေးခဲ့တယ်
______________________________'မင်းတို့တွေ နှင်းဆီကို အဖြူမှာထားတာ အနီတွေပါလာရလောက်အောင် စိတ်တွေကို ဘယ်ပထွေးဆီ ရောက်နေတာလဲ!!!'
မင်္ဂလာပွဲစခါနီး ပန်းပွင့်အနီလေး တစ်ပွင့်တည်းမှား ပါလာတာကို ဒေါသတကြီးနဲ့
Betaတွေကို ပြောဆိုနေသည့် အမောင်ထယ်ယောင်း'တောင်း....တောင်းပန်ပါတယ်...ကျွန်တော်...'
'ပါးစပ်ပေါက်တွေပိတ်!!...ဆင်ခြေတွေ မလိုချင်ဘူး ငါလိုချင်တာ အဲ့နှင်းဆီနီတွေ ပွဲခန်းမမှာ မတွေ့ချင်ဘူး နားလည်လား!!!'
'ဟု...ဟုတ်ကဲ့'
ထယ်ယောင်း တောက် တစ်ချက်ပြင်းပြင်းခေါက်ပြီး သူစိတ်အမောဖြေရန် သူရဲ့ ရနံ့ငယ်ဆီသို့~~
ထယ်ယောင်းထွက်သွားပြီး Betaဝန်ထမ်း အချို့ဆီကလည်း စကားစ အချို့ ထွက်လာသတဲ့....
'ဟဲ့....နှင်းဆီအနီက ဘာအပြစ်ရှိလို့ အဲ့လောက်မုန်းနေတာလဲ'