"တေး ငါအဖေနဲ့သွားတွေ့ချင်လို့ နင်ငါနံ့ လိုက်ခဲ့ပေးပါလား"
မုန့်စားနေရင်း သွယ်က ရုတ်တရက် ထပြောလာသည်။
"သွယ် နင်ပြဿနာထပ်ရှာပြန်ြပီပဲ"
"လုပ်ပါဟာ နင်မလိုက်ပေးရင် ငါ့ဘာသာသွားမှာနော်"
သွယ်က သူလုပ်ချင်တာ ဇွတ်လုပ်တတ်သည်။
"အမသိရင် ပြဿနာတက်မှာနော်။ ငါအမနဲ့ ပြဿနာမဖြစ်ချင်ဘူး"
"တေးရယ် မမကမှ အဖေ့ကို မှတ်မိသေးတယ်။ ငါ့မှာ အေဖ့ကို ပုံဖော်လို့တောင်မရဘူး။ ငါလဲ တွေ့ဖူးချင်တာပေါ့ လုပ်ပါဟာ"
အဲ့လိုကျပြန်တော့လည်း တေး သွယ့်ကို သနားမိပြန်သည်။
"အင်းပါ တယောက်ထည်းတော့မသွားနဲ့ "
သွယ်က လိုချင်တာရတဲ့ ကလေးတယောက်လို ပြုံးပျော်နေသည်။နောက်တပတ်ကျ သွယ်က သူ့အဖေနဲ့ဆိုင်တဆိုင်မှာ တွေ့ဖို့ချိန်းထားသောကြောင့် တေးလိုက်သွားပေးရတော့သည်။
တေးတို့ရောက်တော့ ချိန်းထားတဲ့ဆိုင်မှာသွယ့်အေဖက ကြိုရောက်နှင့်ပြီး စောင့်နေသည်။
"အေဖလားဟင် သမီးသွယ်ပါ"
သူတို့သားအဖနှစ်ယောက် တယောက်ကိုတယောက်ဖက်လိုက်ကြပြီး စကားတွေပြောနေကြသည်။
"သမီး အမက ရန်ကုန်မှာဆိုင်ဖွင့်ထားတာ အဖေမသိဘူး။ အဖေ့ဆီလဲ တခါမှ မဆက်သွယ်ဘူး"
သွယ်တို့အဖေက အမနဲ့ ပိုဆင်သည်။ အမ မျက်လုံး မျက်ခုံးတွေ လှတာ အဖေနဲ့ တူတာပါလားဟု တွေးလိုက်မိသည်။
သွယ်တို့ သားအဖတွေ စကားအကြာကြီးပြောနေကြပြီး ပြန်ခါနီးတော့ သွယ့်အဖေက တသောင်းတန်တအုပ်ကို မုန့်ဖိုးဆိုပြီး သွယ့်ကိုပေးသည်။ သွယ်ကမယူဘူးငြင်းတာမရ။ အတင်းပေးနေသဖြင့် သွယ်ယူထားလိုက်သည်။
အပြန်မှာ သွယ်က သူ့အဖေအကြောင်း ဝမ်းသာအားရပြောပြနေပြန်တော့ တေးလဲ သွယ့်ကို ကြည့်ပြီး စိတ်ချမ်းသာရသည်။
အမ သိတတ်တဲ့အချိန်မှာ သူ့အဖေက သူတို့ကိုထားခဲ့တာကြောင့် အမက အဖေကိုစိတ်နာနေပေမယ့် သွယ်ကျတော့ သူ
မသိတတ်သေးတဲ့ အရွယ် အဖေနဲ့ ခွဲလိုက်ရတာဖြစ်တဲ့အတွက် သူ့မှာ အဖေပေါ်စိတ်နာခြင်းဘာခြင်းရယ်မရှိရှာပေ။
ဒီကိစ္စတော့ အမသိလို့မဖြစ်ဘူးဆိုတာ သွယ့်ကို သေချာပြောထားရသည်။ဒီနေ့ ပိတ်ရက်ဖြစ်ပြီး သွယ်လဲ ဘယ်မှ မသွား သဖြင့် သွယ်နဲ့ တေး တို့နှစ်ယောက် အမဆိုင်လိုက်လာကြသည်။ အမကတော့ ထုံးစံအတိုင်း အလုပ်ရှုပ်နေသည်။
အလုပ်လုပ်နေတဲ့ အမကို ထိုင်ကြည့်နေတဲ့ တေးကို သွယ်ကစသည်။
"တေး နင်ဒီလိုပဲ ထိုင်ကြည့်နေရင်း ကျေနပ်နေတော့မှာလား"
"ဟင် အဲ့တာဆို ငါက ဘာလုပ်ရမှာလဲ"
"နင်ဟာလေ လည်မလိုနဲ့ အတာပဲနော်။ တခါတခါ နင့်ကိုကြည့်ရတာ တကယ် အားမရဘူး သိလား"
သွယ်က တေးကို ပြုံးစိစိနဲ့ကြည့်ပြီး ပြောသည်။
"ဟဲ့ အဲ့တာ နင့်အမနော်"
တေးက သွယ့်ကို ပြန်ပြောလိုက်သည်။
"ငါ့အမက နင့်ကိုကြွေနေတာပါ တေးရယ် နင်ဘာတွေ တွေဝေနေတာလဲ"
တေး သွယ့်ကိုသေချာကြည့်လိုက်မိသည်။ သွယ်ကပဲ ဆက်ပြောသည်။
"လူတယောက်နဲ့ တယောက် ချစ်တယ်ဆိုတဲ့နေရာမှာ ချစ်နေကြဖို့ပဲ အဓိကကျတာပါ။ ယောင်္ကျားရယ် မိန်းမရယ် ခွဲခြားနေစရာမလိုဘူးလို့ ငါတော့ထင်တယ်"
ဒီတကြိမ်တော့ သွယ့်ကို လေးစားမိသည်။
"တယ်ဟုတ်ပါလားသွယ်ရဲ့။ နင်အဲ့လောက်ထိ နားလည်ထားလိုက်မယ်လို့တောင် မထင်ထားဘူး"
"နင်ကလည်း ငါ့ကို အထင်သေးလို့နော် "
သွယ်က တေးကို မျက်စောင်းလေးတချက်ထိုးလိုက်သည်။
"နင်ကတော့ ပုံမှန်ပဲမလား"
တေးက မေးတော့ သွယ်က ခပ်ဟဟလေးရယ်ပြီး ပြန်ဖြေသည်။
"ငါခုထိတော့ ယောင်္ကျားလေးတွေပဲ သဘောကျနေသေးတယ်"
"ငါလဲ မိန်းကလေးတွေကို ကြိုက်တဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမကိုတော့ ချစ်မိသွားတယ်"
တေးက အမကိုဖွင့်ပြောချင်တဲ့ စကားတွေ သွယ့်ကို ရင်ဖွင့်ချလိုက်မိတော့သည်။
သွယ်တို့ စကားပြောနေတုန်းမှာပဲ ဆိုင်ထဲကို ဦးလေးကြီးတယောက်နဲ့ ကောင်လေးတယောက်ဝင်လာတယ်။
"ဟင် အဖေ..."
သွယ်နဲ့ တေးတို့နှစ်ယောက် ထိုင်နေရာကနေ မတ်တပ်လေး ထရပ်မိကြသည်။
သွယ့်အဖေနဲ့ သွယ့်မောင်လေးတို့က အမဆီကို ဦးတည်သွားနေကြသည်။
အမက သု့အဖေကိုမြင်လိုက်ရတော့ တွေတွေးလေး ခဏရပ်ကြည့်နေသည်။
"သမီး နွယ်"
အမအဖေက အမကို ခေါ်လိုက်တဲ့အချိန်
အမ မျက်နှာ ပျက်သွားသည်။
"ဆိုင်က ယောင်္ကျားလေးတွေ service မပေးပါဘူး"
အမက လေသံခပ်မာမာနဲ့သာ ပြန်ပြောသည်။
"သမီး အဖေ့ကို မမှတ်မိလို့လား"
"ကျမမှာ အဖေမရှိတော့ဘူးရှင့်"
သွယ်က သူ့အဖေနားပြေးသွားသည်။
"မမ အဖေ့ကို ဘယ်လိုပြောလိုက်တာလဲ"
နွယ် တယောက် သွယ့်ကို ေဒါသတကြီး ကြည့်လိုက်သည်။
"ဘယ်သူက နင့်အဖေလဲ သွယ်"
"မမ အဖေ့ကို ခုလိုမပြောပါနဲ့"
သွယ့်အဖေလက်လေးကိုဆွဲထားတဲ့ ကောင်လေးကတော့ သွယ်တို့ကို မော့ကြည့်နေရှာသည်။
"သွယ် နင်လာခဲ့"
အမက သွယ့်လက်ကို ဆွဲပြီး ကားပေါ်အတင်းဆွဲတင်ကာ မောင်းထွက်သွားသည်။
အမ အဖေကတော့ စိတ်မကောင်းတဲ့ ပုံစံနဲ့သာ ဆိုင်ထဲက ပြန်ထွက်သွားသည်။
YOU ARE READING
နွယ်သို့ ရစ်ပတ်ခြင်း
Romance"မကို တေး တန်ဖိုးထားတယ် မကို တေး မြတ်နိုးတယ် မကို တေးချစ်တယ် မရဲ့ ဖြစ်တည်မှုတိုင်းကို တေး တန်ဖိုးထားပြီး ချစ်တယ်လေ" အချစ်ဆီသို့ တဖြည်းဖြည်းတိုးဝင်ခြင်း..... ဇာတ်ကအေးပါတယ်။ ဖြည်းဖြည်းချင်းခံစားပြီး ဖတ်ကြည့်ရင်တော့ အချစ်ရဲ့ ချိုသာမှုလေးတွေကို မြင်ရမှာ...