Author: Bslumingo
Language: Burmese
Genre: Thriller, Fiction
Type: One-shot (Completed)WARNING : တိကျရှင်းလင်းစွာဖော်ပြထားသည့် စကားလုံးများ၊ သွေးထွက်သံယိုများ ၊ ဆင်ဆာမဖြတ်ထားသော သတ်ဖြတ်မှုများ ပါဝင်သဖြင့် အသက်မပြည့်သေးသော ကလေးသူငယ်များ ၊ နှလုံးမကောင်းသူများနှင့် နှလုံးရောဂါရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ဖတ်ရှူရန်မသင့်တော်ပါ။
.
.
."ကားက စက်နှိုးမရတော့ဘူး"
အဖေဖြစ်သူ၏စကားကြောင့် Shelly စိတ်ပျက်သွားကာကားနောက်ခုံတွင်လှဲချလိုက်၏။ အမေဖြစ်သူကလည်းစိတ်ညစ်သွားဟန်ဖြင့်သက်ပြင်းချလိုက်သည်။
"မောင့်ကို ခရီးမထွက်ခင်ကားကိုစစ်ခိုင်းခဲ့တယ်လေ"
"မောင်စစ်ခဲ့တာပဲ"
ကားမှာမည်သို့ပင်ကြိုးစားကြိုးစားပြန်နိုးမလာတော့။
"အရှေ့ကို ၄၅မိနစ်လောက်လျှောက်ရင်တော့ မေလာဆိုတဲ့မြို့တစ်မြို့ရှိတယ်လို့ ဂျီပီအက်စ်ကပြောတယ်"
Shelly ဖုန်းကိုထောင်ပြရင်းပြောလိုက်သည်။
"ဒီနေ့တော့အဲ့မြို့မှာပဲနားကြတာပေါ့"
ညရောက်တော့မည်ဖြစ်သောကြောင့် Shelly ပြသောမြို့ကို အဖေဖြစ်သူကကြည့်ရှုပြီးဆုံးဖြတ်လိုက်၏။ တစ်ညတာအတွက်လိုအပ်သောပစ္စည်းများကိုထုတ်ပိုးကာ Shelly တို့မိသားစု ထိုမြို့ဆီသို့လျှောက်သွားလိုက်သည်။ မကြာခင်မှာတင်မြို့အဝင်ဂိတ်သို့ရောက်ရှိလာခဲ့၏။
"လူစိမ်းတွေပါလား။ ကြိုဆိုပါတယ်"
စစ်ဆေးရေးဂိတ်ထဲမှ ရဲမှူးတစ်ယောက်ထွက်လာကာ Shellyတို့ကို နှုတ်ဆက်လိုက်သည်။ အဖေဖြစ်သူကလည်းနှုတ်ဆက်သည့်အနေဖြင့်ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော်တို့မိသားစုခရီးထွက်လာကြတာဗျ။ ဒါပေမယ့် ဒီမြို့မရောက်ခင်ကားပျက်သွားလို့ ဒီနားမှာဝက်ရှော့ဆရာများရှိလားမသိဘူး"
"အင်း... ဒီမှာတော့မရှိဘူးဗျ။ ဒီမြို့ကနည်းနည်းခေတ်နောက်ကျတော့ကားတွေသိပ်မစီးကြဘူး။ ဒါကြောင့်ကားပြင်ဆရာတွေလဲမရှိဘူး။ အနောက်ဘက်ကိုသုံးမိုင်လောက်လျှောက်ရင်တော့မြို့တစ်မြို့ရှိတယ်။ အဲ့မှာဆိုရင်တော့ကားပြင်ဆရာရှိလောက်တယ်"