မင်းကြီးလီယိုနှင့်ကချေသည်လေးအဲလက်(BL Fiction)
အပိုင်း(၂၂)
စစ်သူကြီးက ခေါင်းကို တချက်ငုံ့လိုက်ပြီး ခြေထောက်တဖက်နှင့် မြေကြီးကို ထိုးချေလိုက်သည်။ပြီးတော့မှ အသက်ကိုခပ် ပြင်းပြင်းရှူလိုက်သည်။ရှေ့ကို ခြေလှမ်းတလှမ်းချင်းစီ ဆက်လှမ်းသွားလိုက်ပြီး သမားတော်ငယ်လေး၏ရှေ့မှာ ရပ်လိုက်သည်။"ပြောစရာ ရှိတာကို ပွင့်ပွင့်လင်းလင်း ပြောပါ ကျတော့် စိတ်ကို ပြင်ဆင်ပြီးပါပြီ"
အသားအရောင်က ညိုတဲ့ဘက်ကို ပါနေပေမယ့် ဝင်းတဲ့ အရောင်လည်း စွက်တာမို့ ကြည့်ကောင်းသည်။တိုင်းပြည်တခုလုံး၏ စစ်သူကြီးဆိုတဲ့ အတိုင်း အရပ်အမောင်းနှင့် ခန္ဓာကိုယ် ကြံ့ခိုင်သန်မာမှု က ပြောစရာမလိုအောင် ခန့်ညား သေသပ်နေပြီးသားဖြစ်သည်။ဒီလို လူတယောက်တောင် သူအချစ်ရဆုံး လူနှင့် ပတ်သက်သည့် သေရေး၊ရှင်ရေးကျတော့ စိတ်လှုပ်ရှားပြီး တုန်လှုပ်မိတာပဲ လို့ သမားတော် လေး တွန် က တွေးလိုက် မိသည်။
မေးရိုးတွေကတိကျပြတ်သားပြီး မျက်လုံး၊မျက်ခုံးတွေက ခန့်ညားနေသည်။မပြောပဲနဲ့တောင် စစ်သူကြီး ဆိုသူကို တန်းကနဲ သိနိုင်တာမျိုးပါ့လား?။"အဟမ်း"
သမားတော်လေးတွန် က လည်ချောင်းကိုရှင်းလိုက်သည်။
"စစ်သူကြီး ကတော် ခံစားနေရတဲ့ ရောဂါဝေဒနာ က ခန္ဓာကိုယ် အတွင်းပိုင်းမှာ ဖြစ်နေတဲ့ မြစ်ပွားနာ ဆိုတဲ့ ရောဂါပါ။
ရောဂါက အတော်ကြီးကို ရင့်နေပြီမို့လို့ ခန္ဓာကိုယ်အတွင်းပိုင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုပါ ပျံ့နေပါပြီ.....
ရောဂါ ကိုအရှင်းပျောက်ကင်း အောင် ကုသဖို့ နည်းလမ်းမရှိတော့ပါဘူး....."တည်ငြိမ်နေဟန် နှင့် မတ်မတ်ရပ်နေသည့် စစ်သူကြီးသည် စိတ်လှုပ်ရှားနေပုံေတာ့ ရသည်။
"စစ်သူကြီးကတော်က အချိန်သိပ်မကျန်တော့ပါဘူး အများဆုံး ၁လလောက်ပဲနေရတော့မှာပါ.....
ကျတော် လုပ်ပေးနိုင်တာဆိုလို့ သူမခံစားနေရတဲ့ ဝေဒနာတွေကို လျော့ပါးအောင် လုပ်ပေးတာလောက်ပါပဲ။"သမားတော်လေး တွန်၏ စကားကို နားထောင်ရင်း ကြေကွဲနေတဲ့ စစ်သူကြီး၏မျက်ဝန်းတွေနှင့်၊ အံကိုခပ်တင်းတင်းကြိတ်ကာ ရှုံးပွဲ ချ မငိုကြွေးမိစေရန် စိတ်တင်းထားသော ပုံရိပ်ကို မြင်နေရသည်။
သမားတော်လေး တွန်လည်း ဆက်ပြီးမကြည့်ရက်တော့တာကြောင့် စစ်သူကြီး၏ရှေ့မှ လှမ်းထွက်လာခဲ့တော့သည်။
"ငိုချင်ရင် ငိုချလိုက်လို့လည်း ရပါတယ် လေ"
လို့လည်း စိတ်ထဲကပြောနေမိသည်။
أنت تقرأ
မင်းကြီးလီယိုနှင့်ကချေသည်လေးအဲလက်(Complete)
عاطفية"အခု ကိုယ်တော်က ပြည့်ရှင်မင်းကြီး တော့ပါဘူး အဲလက်ရယ်။အချစ်မှာ လဲမဟုတ်ကျနေတဲ့ သာမန်လူတယောက် ဖြစ်နေပါပြီ ။အရှင်လို့ မခေါ်ပါနဲ့တော့လား" "ကျွန်တော့်အတွက်တော့ အရှင်ဟာ အမြဲတမ်း တမိုးအောက်က မင်းကြီးလီယို ဖြစ်နေအုန်းမှာပါ အရှင်"