အချစ်ဆီမှ......အစပြု၍
အပိုင်း(၃)စာကြည့်နေရင်းကနေ ကိုကိုဟန်ထည့် အကြောင်း တွေးမိလာသည်။ကိုကို ဟန်ထည်တယောက် အခုအချိန်ဆို
ဘာတွေများ လုပ်နေမလဲ?
ညဝတ်အင်္ကျီလေးများ ဝတ်ထားမလား?
ရေချိုးကန်ထဲမှာများ ရေချိုးနေမလား?
လင်းရဲ့အကြောင်းကိုများ တွေးနေမလား?
လင်းက အရမ်းချစ်စရာကောင်းလာတယ်လို့များ တွေးနေမလား?
စာတွေပဲ ရေးနေမလား?
တကယ်လို့ စာတွေရေးနေရင်ရော ဘာအရောင်လေးများ ဝတ်ထားလိမ့်မလဲ?လို့ တွေးတောနေရင်း လင်း၏ မျက်နှာလေးမှာ ပြုံးနေမိလာသည်။
ကိုကိုဟန်ထည့် IG account ထဲ ဝင်ကြည့်နေမိသည်။ပန်းပင်လေးတွေကြားထဲမှာ ပန်းစည်းလေးကိုင်ထားသည့်ဓာတ်ပုံ၊
ရေကူးကန်ဘောင်ပေါ်မှာ ခေါင်းမှီထားပြီးဝိုင်ခွက်လေးတခွက်နှင့်ဓာတ်ပုံ၊
ဘောင်းဘီအိပ်ကပ်ထဲကို လက်တဖက်ထည့်ပြီး ကျန်လက်တဖက်နဲ့ အိမ်ခန်းထဲက သစ်ပင်လေးတွေကို ရေလောင်းနေတဲ့ပုံ၊
နှင်းတွေကျနေတဲ့ လမ်းမပေါ်မှာ လမ်းလျှောက်နေတဲ့ပုံ၊
ပုံတွေကြည့်နေရင်း ကိုကိုဟန်ထည်တယောက် လိုင်းပေါ်မှာ ရှိနေတာကို မြင်လိုက်ရသည်။
"မင်္ဂလာပါ ကိုကိုဟန်ထည် နေကောင်းရဲ့လားဗျ?"
"နေကောင်းပါတယ် လင်းရေ မင်္ဂလာပါ"
လင်းပို့လိုက်တဲ့ စာကို တကူးတကဝင်ဖတ်ပေးပြီး စာပြန်ပေးတာကြောင့်
လင်းမှာ စိတ်အားလည်း တက်ရသည်။
အတိုင်းမသိပင် ပျော်လည်း ပျော်သွားရသည်။"ဘာတွေ လုပ်နေလဲဟင် ကိုကိုဟန်ထည်"
"စာရေးနေတာ စာရေးရင်းနဲ့ အာရုံတွေ ပျံ့နေလို့ ရေးလို့မရဘူး ဖြစ်နေတယ်"
"ကိုကို ဟန်ထည် အခု အပြင်မှာ တမာပန်းတွေပွင့်နေပြီ သိလား?"
"အင်း ကိုယ်သိတယ် မွှေးနေတာပဲ အခု အိမ်ထဲထိကို မွှေးနေတုန်းပဲ ဒီပန်းရနံ့တွေကိုရရင် ကိုယ်ငယ်ငယ်တုန်းက အချိန်လေးတွေကို ပြန်သတိရမိတယ်"
YOU ARE READING
အချစ်ဆီမှ အစပြု၍(Complete)
Romanceမင်္ဂလာဦးည ဟန်းနီးမွန်း ခရီး၌ ခန့်ထည်မှ လင်းအတွက်ကတိသစ္စာ(၃)ချက် (၁)ကျွန်တော် ခန့်ထည်သည် လင်း၏အပေါ်၌ ဘယ်သောအခါမှ အချစ်မပျက်ပါဘူး လို့ ကတိပေးပါသည်။ (၂)ကျွန်တော်ခန့်ထည်သည် လင်း၏ အပေါ်၌ ချစ်မြဲ ချစ်နေပါမည်။ (၃)ကျွန်တော် ခန့်ထည်သည် ဘယ်တော့မှ မပြောင်းလဲပ...