part 31

6.3K 189 0
                                    

အချစ်ဆီမှ...အစပြု၍(BL Fic)
အပိုင်း(၃၁)
ဒီနေ့က ခန့်ထည်ရော၊လင်းပါ အရမ်းပျော်နေရသော နေ့လေး တနေ့ပါပဲ။
ဒီနေ့ပြီးသွားရင် နောက်နေ့တွေက စပြီး ဘွဲ့ယူဖို့ စောင့်ဆိုင်းနေရမယ့် အချိန်တွေပါပဲ။

"ကျောင်းပြီး လို့ လုပ်ငန်းခွင်ထဲရောက်သည်အထိ တယောက်ကို တယောက် ချစ်နေတာ သေချာသေးရင် တွဲခွင့် ပြုမယ်"

ဟူသော လင်းတို့ ဖေဖေ၏ စကားကြောင့်လည်း ပါသလို၊ခန့်ထည် အနေနှင့်လည်း လင်းကို သူနှင့် အနီးဆုံးမှာပဲ အမြဲတမ်းထားချင်‌ေနသောကြောင့် ဖြစ်သည်။
အခုလို ကျောင်းအတူတက်နေတာတောင် ခဏလေးပဲ ဖြစ်ဖြစ် လင်းက တခြားသူငယ်ချင်းတယောက်ယောက်နှင့် ဖျတ်ကနဲ ပျောက်သွားလျှင်ပင် စိတ်မချနိုင်ဖြစ်ကာ စိတ်ပူပန်ရသည်။
ချစ်ရသည့် ကောင်လေးက ချစ်စရာ နုနုထွတ်ထွတ် လေး ဖြစ်နေသည်ကိုး။

စာမေးပွဲ ခန်းထဲက ထွက်လာတာနှင့် သူ့ကိုစောင့်နေသည့် ခန့်ထည်ကို လင်း မြင်လိုက်ရသည်။ပြုံးပြုံးကြီး နှင့် ဆီးကြိုနေသော ခန့်ထည်ကြောင့် လင်းလည်း လိုက်ပြုံး လိုက် မိသည်။

ခပ်လှမ်းလှမ်းက ခုံတန်းလျားလေးပေါ်မှာ ခန့်ထည်က လင်း၏ပေါင်ပေါ်တွင် လှဲအိပ်ပြီး လင်း၏ မျက်နှာလေးကို ငေးကြည့်နေလေသည်။သူတို့နှစ်ယောက် ပြန်သွားလို့ မရသေးပဲ ခုထိ စာမေးပွဲ ခန်းထဲက ထွက် မလာသေးသော အီယာယာ့ကို စောင့် နေရသေးသည်။

ခဏ အကြာတွင် အမိုးဖွင့် ပြိုင်ကား အနက်ရောင်လေး တစီး ကျောင်းထဲကို ဝင်လာတာ တွေ့လိုက်ရသည်။ကားပေါ်က ခပ်မိုက် မိုက်ကောင်လေး တယောက်ဆင်း လာတာ မြင်ရလျှင် အီယာယာ့ ကောင်လေးပဲ ဟု ခန့်ထည်က မှတ်မိလိုက်သည်။ပြီးတော့ အီယာယာ ပြောပြဖူးသည့် စကားတွေကို ပြန်ကြားယောင်လိုက် မိသည်။

"အမယ်လေး ငါသူ့ကားကို တခါလိုက် စီးဖူးတယ် ကားအမောင်းကြမ်းချက်က လက်လန်တယ် နင်တို့ သူငယ်ချင်းငါ့ကို ကံကောင်းလို့ ပြန်တွေ့ရတယ်လို့ မှတ်"

အခုလည်း လာကြိုနေပြီ အီယာယာရေနင်တော့ ဒီကောင်လေးလက်က မလွတ်နိုင်တော့ဘူး ဆိုပြီး တွေးကာ ခန့်ထည်က တယောက်တည်း ရယ်လိုက် မိသည်။
လင်းက သူ့ကို ငုံ့ကြည့်ကာ

အချစ်ဆီမှ အစပြု၍(Complete)Donde viven las historias. Descúbrelo ahora