အချစ်ဆီမှ အစပြု၍
အပိုင်း(၇)
လင်း၏ စိတ်က တခါ၊တခါ ခန့်ထည်ကို ရင်ခုန်နေမိပေမယ့်၊ကိုကိုဟန်ထည်က ငယ်ချစ်ဦးလည်း ဖြစ်ခဲ့သလို ပြန်တွေ့တော့လည်း အရမ်းသဘောကျရတဲ့ သူတယောက် မို့ ကိုကိုဟန်ထည် က ဖိတ်ထားတဲ့ ညနေကျမှ အတူတူ သွားစားရမယ့် ညနေစာ အတွက် မနက်ကတည်းက အစောကြီး ထပြီး ဘာလေး ဝတ်သွားရရင်ကောင်းမလဲ? တို့၊
ဘာအိတ်လေး လွယ်သွားရရင် ကောင်းမလဲ? တို့ အများကြီး၊အများကြီး ကြိုတင်ပြင်ဆင်နေမိပါတယ်။
ကိုကိုဟန်ထည့် ဘက် က ပန်းစည်းတွေ၊ဘာတွေ ကိုယ်တိုင်လာပေးပြီး ဖိတ်ထားတာမို့လို့(ကြားထဲက အီယာ က ဖျက်လို၊ဖျက်ဆီး လုပ်လို့သာ ကိုယ်တိုင် လက်ခံမယူလိုက်ရတာ)ရင်ခုန်ရသည်။ကြည်နူးမိသည်။
သီချင်းလေး ညည်းရင်းနဲ့ မှန်ရှေ့နဲ့ အဝတ်အစား ဗီရို ရှေ့မှာ ခေါက်တုံ့၊ခေါက်ပြန် လျှောက်ရင်း လင်း တယောက် အလုပ်များ နေသည်။"📞📞📞📞📞📞📞📞"
ဟော လာပြီ လာပြီ အရှုပ်တော်ပုံလေး အီယာယာ ဆီက ဖုန်း၊သူများ အပေါ့၊အလေး သွားနေမှန်းမသိ၊အိပ်ပျော်နေမှန်းမသိ၊ Crush နဲ့ Flirt နေမှန်းမသိ၊
မကိုင်မချင်း ဖုန်းခေါ်နေတတ်သည့် သူငယ်ချင်းမလေး ပင်ဖြစ်သည်။"အေး ပြော အီယာ"
"ငါမှန်းကြည့်မယ် နင်အလုပ်ရှုပ်နေတယ်မှတ်လား?"
"ဘာတုန်း ငါဘာလုပ်နေလဲ? မှန်းကြည့် ဖို့ ဖုန်းဆက်တာလား?"
"ဟုတ်မနေဘူးဟေ့ ဟုတ်မနေဘူးဟ"
"ပြောဟာ ငါအားနေတာ မဟုတ်ဘူး"
"နင် အခု ထွက်လာခဲ့ ငါ့အိမ်မှာ ခိုတောင်မုန့်တီ လုပ်ထားတယ် ၊ဟိုကောင် ခန့်ထည်ရော ခေါ်ထားတယ် ငါ့လက်ရာနော် ငါ့လက်ရာ"
ငါ့လက်ရာ ဆိုတဲ့ စကားကြောင့် လင်းမှာတံတွေးပင် သီးသည်။အီယာယာ က အကျင့်လေးကသာ တခါတခါ မကောင်းတတ်တာ ရုပ်လေးက
ဘာဘီရုပ်လေးလို လှသလောက် အချက်အပြုတ်၊မုန့်လုပ်တဲ့ နေရာမှာ တော့ ဆရာကျသည်။ဝါသနာလည်းပါသည်။သူသိချင်တာ၊တတ်ချင်တာ
ရှိရင် သင်တန်းတွေ ပါတက်ပြီး စနစ်တကျ သင်လေ့ရှိသည်။
ပြီးရင် မုန့်အမျိုးမျိုး လုပ်ကာ သူ့မိသားစုတွေ၊ဆွေမျိုးတွေနှင့် အတူ ဒီသူငယ်ချင်း နှစ်ယောက်ကိုပါ မမေ့မလျော့ ဖိတ်ကာ ကျွေးမွေးတတ်သည်။
မြဲမြံနေသော သံယောဇဉ်တွေပင်။
YOU ARE READING
အချစ်ဆီမှ အစပြု၍(Complete)
Romanceမင်္ဂလာဦးည ဟန်းနီးမွန်း ခရီး၌ ခန့်ထည်မှ လင်းအတွက်ကတိသစ္စာ(၃)ချက် (၁)ကျွန်တော် ခန့်ထည်သည် လင်း၏အပေါ်၌ ဘယ်သောအခါမှ အချစ်မပျက်ပါဘူး လို့ ကတိပေးပါသည်။ (၂)ကျွန်တော်ခန့်ထည်သည် လင်း၏ အပေါ်၌ ချစ်မြဲ ချစ်နေပါမည်။ (၃)ကျွန်တော် ခန့်ထည်သည် ဘယ်တော့မှ မပြောင်းလဲပ...