အချစ်ဆီမှ အစပြု၍
အပိုင်း(၈)"ဟင် ဒါ ......ဒါ .......ခန့်ထည်"
ဒီအခက်အခဲ၊အကြပ်အတည်း ကနေ လွတ်မြောက်သွားပြီဆိုတဲ့ စိတ်က လင်း၏ စိတ်တခုလုံးကို ပေါ့ပါးသွားစေသည်။ခန့်ထည်၏ ပုံစံကို မြင်တာနှင့် အစောက ကျယ်နေတဲ့ ပိန်လိန်လိန် လူနှစ်ယောက်က ဖျတ်ကနဲ ထွက်ပြေးသွားသည်ထင် ၊ခဏအတွင်းမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ခန့်ထည်က လင်း၏ ကားတံခါးကို လာဖွင့်ပေးပြီး လင်း ရဲ့ လက်ကို ဆွဲကာ ကားထဲကနေ ထုတ်လာခဲ့သည်။"မင်း ကားကို လော့ချခဲ့ ခဏနေကျရင် ဝပ်ရှော့ ကို ဖုန်းဆက်ပြီး လာဆွဲခိုင်းလိုက် မယ် "
လင်းကို သူ့ကားပေါ် တင်ပေးပြီး ကားတံခါးပိတ်ပေးတာ ....၊ထိုင်ခုံခါးပတ်ပတ်ပေးတာတွေပါ ခန့်ထည်က လုပ်ပေးနေပေမယ့် လင်း ကတော့ ကတုန်၊ကရင် ဖြစ်နေဆဲပါ။
"တော်သေးတာပေါ့ ငါ မင်းကို စိတ်မချလို့ လိုက်လာခဲ့တာ အချိန်မီလေး ရောက်လာမိလို့ပဲ"
သူကတော့ ဘာရယ် မဟုတ်ဘူး။ကားမောင်းနေရင်းကနေ ရုတ်တရက် ပြောချလိုက်ပေမယ့် လင်း စိတ်ထဲမှာတော့ တစစ်စစ် နာကျင်သွားမိသည်။ကိုကိုဟန်ထည်နဲ့ ညစာ သွားစားတာကို ခန့်ထည် ၏နေရာမှာ လင်းသာ ဆိုရင်ကော ဒီလို လိုက်ပါစောင့်ရှောက်ပေး ချင်စိတ် ရှိပါအုံးမလား? ရယ်လို့ တွေးမိလို့ပါ။
ခန့်ထည်ကို ကြည့်ရတာတော့ ပုံမှန် အတိုင်းပါပဲ။လင်းကို ဂရုစိုက်ရတာဟာ သူ့အတွက် ပုံမှန်လိုပဲ ဖြစ်နေသည့် အမူအကျင့် တွေများလား?
တွေးရင်း၊တွေးရင်းနှင့် တကယ်ဆို ကိုကိုဟန်ထည်ကသာ လာကြိုမယ်၊ညနေစာ အတူစားကြမယ်၊ပြီးရင် လင်း ကို အိမ်ပြန်လိုက် ပို့ မယ် ဆိုရင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲ?လင်း အရမ်းပျော်မိမှာပဲ။ကိုကိုဟန်ထည်က လင်းကို တကယ်ရော ချစ်ရဲ့လား?
ပြီးတော့ အခုလို လူပြတ်တဲ့ နေရာမှာ ကိုကိုဟန်ထည် တယောက်တည်း လင်း လို ကားပျက်နေရင်ရော ဘယ်လိုလုပ်မလဲ? လို့ တွေးမိလိုက်တော့ လည်း စိတ်မချနိုင်ပေ။နောက်ဆုံးတော့ ကားကို သေချာ မစစ်ဆေးပဲ မောင်းထွက်လာမိသည့် လင်း၏ အပြစ်တွေပဲ ဖြစ်သည်။
YOU ARE READING
အချစ်ဆီမှ အစပြု၍(Complete)
Romanceမင်္ဂလာဦးည ဟန်းနီးမွန်း ခရီး၌ ခန့်ထည်မှ လင်းအတွက်ကတိသစ္စာ(၃)ချက် (၁)ကျွန်တော် ခန့်ထည်သည် လင်း၏အပေါ်၌ ဘယ်သောအခါမှ အချစ်မပျက်ပါဘူး လို့ ကတိပေးပါသည်။ (၂)ကျွန်တော်ခန့်ထည်သည် လင်း၏ အပေါ်၌ ချစ်မြဲ ချစ်နေပါမည်။ (၃)ကျွန်တော် ခန့်ထည်သည် ဘယ်တော့မှ မပြောင်းလဲပ...