part 09

9.5K 393 0
                                    

အချစ်ဆီမှ ...အစပြု၍
အပိုင်း(၉)
အမှန်တကယ်ကို
နောက်တနေ့ရဲ့ အတန်းချိန်နီးတဲ့ အထိ ကိုကိုဟန်ထည့်ဆီက ပြန်စာကို လင်းမရရှိခဲ့ပါဘူး။
ခန့်ထည်က လင်း၏ကားကို ဝပ်ရှော့ကနေ လင်းအိမ်အထိ မောင်းယူလာပြီးလာကြိုပေးတဲ့ အချိန်အထိ လင်းစောင့်နေပါသေးတယ်။

"ကျောင်းရောက် မှ နေ့လယ်စာ စားမှာ မို့လား?"

ကားတံခါးကို ဖွင့်ပေးရင်းက ခန့်ထည်က မေးသည်။ဝမ်းနည်းစိတ်နှင့်အတူ အားငယ်နေမိတာမို့ လင်း သူ့မျက်နှာကို မကြည့်ဖြစ်ပဲ ခေါင်းညိမ့်ပြလိုက်ပြီး ကားထဲဝင်ထိုင်လိုက်သည်။
ခန့်ထည်က လင်းကို သေသေချာချာ စိုက်ကြည့်နေမှာကို လင်းသိသည်။ပြိုတော့မည့် မိုးလို ဝမ်းနည်းနေတဲ့ မျက်နှာကို ခန့်ထည်မမြင်ရအောင် တဖက်လှည့်ထားမိသည်။

ခန့်ထည်က ထိုင်ခုံခါးပတ်ကို လာပတ်ပေးလိုက်တာမို့ လင်းရုတ်တရက် လန့်သွားပြီး ခန့်ထည်ကို မော့ကြည့်လိုက် မိသည်။
"မင်း ဘာဖြစ်နေတာလဲ? အဲ့ဒီမျက်နှာက ဦးထည်က ဘာပြောလိုက်လို့လဲ?"
ဟော မြင်လား?
တခါ၊တခါကျ အဲ့ဒီကောင် အကြား၊အမြင်တွေများ ရနေတာလား? လို့ လင်းတွေးလိုက် မိတယ်။ဒါကြောင့် ဒီလို မဖုံးနိုင်၊မဖိနိုင် ဝမ်းနည်းနေတဲ့ မျက်နှာကို သူ့ကို မပြချင်တာ၊မမြင်စေ့ချင်တာ။
အခုမြင်လည်း မြင်ရော မေးလိုက်တာ တန်းနေတာပဲ။
"ဘာမှ မဖြစ်ပါဘူး"
"မင်းမှာ ငါရယ် အီယာရယ်တော့ အမြဲတမ်းရှိပါတယ် မင်းသိထားဖို့ပါ"
"ငါ သိပါတယ်"
ကိုကိုဟန်ထည်က လင်းရဲ့ Crush ဆိုတာကိုတော့ ခန့်ထည် သိနေတာမို့
ကိုကိုဟန်ထည်နှင့်ပတ်သက်ပြီးတော့ ချိုသည်။ခါးသည် ဆိုသည့် စကားမျိုး လင်းရှေ့မှာ ခန့်ထည် တခါမှ မပြောခဲ့ဖူးချေ။
"ရော့"
ဘာမှ မပေးပဲ "ရော့" ဆိုတော့ ဒီကောင် ဘာလဲ ဟ ဆိုပြီး လင်း သူ့ကိုမော့ကြည့်လိုက် မိသည်။
"ပခုံးတဖက် ငှားပေးမယ် ငိုချင်နေတာမလား? ငိုချင် ငိုချလိုက်"
ခန့်ထည် စကားလည်း ဆုံးရော လင်းလည်း ခန့်ထည် ပခုံးပေါ်ကို မှီလိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်တော့သည်။
တကယ်ဆို လင်း၏ ငယ်ရွယ်နူပျိုချိန်၏ အဦး၊အစ သည် ကိုကိုဟန်ထည်ပင် ဖြစ်ခဲ့သည်။ဖြစ်နေသေးသည် အိပ်လည်း ကိုကိုဟန်ထည်၊စားလည်း ကိုကိုဟန်ထည်၊သူငယ်ချင်းတွေနှင့် ပျော်ပျော်ပါးပါး အတူရှိနေချိန်များ၌ပင် ကိုကိုဟန်ထည်မှ ကိုကိုဟန်ထည်ပင် ဖြစ်နေသည်။
ကိုကိုဟန်ထည်ကတော့ ........
တွေးရင်း လင်း မျက်ရည်တွေ ကျလာတော့သည်။
ဒီနေ့အတွက်တော့ ခန့်ထည်ကို သူငယ်ချင်းတယောက်လိုပဲ မြင်ပါရစေတော့ ၊ကိုယ့်ကို သဘောကျနေတဲ့ တစုံတယောက် အဖြစ်မတွေးပေးချင်တော့
လင်း က သူငှားပေးတဲ့ ပခုံးတဖက် အပြင် ရင်ခွင် ထဲထိ ပါ ဝင်ပြီး အားရပါး ရ ငိုမိတော့သည်။
"ငါ့ကို အိမ်ကို‌ေကာင်း‌ေကာင်းမွန်မွန်ပြန်ရောက်ရဲ့လား?လို့ တောင် မမေးဘူးကွာ နောက်ဆုံး ကုန်ကုန်ပြောမယ် အိမ်ပြန်ရောက်ပြီလား? ဆိုတဲ့ မက္ဆေ့လေး တစောင်တောင် မပို့ဘူးကွာ ငါမနေ့ညက ဘာတွေ ကြုံခဲ့ရလည်း မင်းအမြင်ပဲ ငါအရမ်း ကြောက်နေခဲ့တာကွ"

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now