part 12

9.5K 339 0
                                    

အချစ်ဆီမှ အစပြု၍
အပိုင်း(၁၂)
မျက်လုံးတွေကို စပြီးဖွင့်ကြည့်လိုက်တော့ ခေါင်းကရီဝေဝေကြီး ဖြစ်နေသည်။မျက်လုံးကို ပြန်မှိတ်ပစ်လိုက်ရသည်။ညတုန်းက အရမ်းပျော်ခဲ့ရလို့ထင်သည်။လင်းတွေးရင် ပြုံးနေမိသည်။
ဒုတိယအကြိမ် မျက်လုံးတွေကို ဇွတ်ဖွင့်ပြီး ကိုကိုဟန်ထည့် ကို လှမ်းကြည့်လိုက်မိသည်။ကိုကိုဟန်ထည်ကသာ စိတ်ဆိုးသွားရင်ရော။တောင်းပန်ရမှာပေါ့လို့ လင်း ဆုံးဖြတ်လိုက်သည်။

ဝမ်းဗိုက်ကြွက်သားတွေကို တွေ့ရသည်။ပြီးတော့ ရင်အုပ်ကျယ်ကျယ်တွေ၊ လည်ပင်းရိုးတွေ၊လည်ဇလုတ်တွေ၊မေးရိုးတွေ ၊ရှေ့ကို ဆက်ကြည့်လိုက်တော့ လင်းနံဘေးမှာ အိပ်ပျော်နေသူဟာ ကိုကိုဟန်ထည် မဟုတ်ပဲ လင်း၏အချစ်ဆုံးသူငယ်ချင်း ခန့်ထည်ပင် ဖြစ်နေလေသည်။
ဒါဖြင့် ညတုန်းက ဝိုးတိုးဝါးတား မှတ်ဉာဏ်တွေထဲမှာ လင်းက အတင်းဆွဲလား၊ရမ်းလား၊နမ်းလား လုပ်ခဲ့တာ ကိုကိုဟန်ထည် မဟုတ်ပဲ ၊ခန့်ထည်ဖြစ်နေခဲ့တာပေါ့။
အရက် မူးမူးနဲ့ မှားလေ့မှားထရှိတယ် ဆိုတာမျိုးက ဒီခေတ်ကြီးထဲမှာ တအား ဆန်းကျယ်တာတော့ မဟုတ်ပေမယ့် ကိုယ့်ကို သဘောကျနေတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးနဲ့ ၊ကိုယ်ကသဘောကျပြီး Crush နေတဲ့ အကိုကြီးနဲ့ လူလွဲပြီး မှားတာကကျတော့ တမျိုးကြီးပင်။
ဒီကြားထဲ  မှာ ခန့်ထည်ကရော ဘာလို့ ဝင်မှားရတာလဲ? အခွင့်အရေးသမား၊လူယုတ်မာ၊လို့ စိတ်ထဲကနေ ကြိတ်ပြီးဆဲနေမိသည်။
ဒင်းကိုပဲ အပြစ်တွေ ပုံချရအောင်ကလည်း စပြီး ဆွဲလား၊ရမ်းလား လုပ်ခဲ့တာက လင်းကိုယ်တိုင်ပင်။
အခုကျ သူငယ်ချင်းဆိုတဲ့ ပတ်သက် မှုဆီကိုလည်း ပြန်သွားလို့ မရ။ချစ်သူတွေလည်း မဟုတ်ကြ။
အဲ့ဒါ မင်းကြောင့်၊မင်းကြောင့် လူယုတ်မာရဲ့၊အခွင့်အရေးသမားရဲ့၊ လို့
စိတ်ထဲက တိတ်တိတ်လေး အပြစ်တင်ကာ ခန့်ထည် အိပ်ပျော်နေတုန်း လင်းက ဒီနေရာကနေ ထွက်သွားရမည်ဟု တွေးကာ
သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက် မိသည်။
စောင်အောက်က သူ့ကိုယ်လုံး အောက်ပိုင်းကိုပါ ပြန်ကြည့်ရသည်။
ဘာအဝတ်အစားမှ မရှိတော့

"ခွေးကောင်......."

အတွင်းခံတွေကို အမြန်ကောက်ဝတ်လိုက်သည်။ပြီးတော့ မနေ့ညက ဝတ်လာသည့် အနောက်တိုင်းဝတ်စုံ ကို အသည်းအသန် အမြန်ပြန်ဝတ်ဆင်နေတုန်း ခန့်ထည် နိုးလာသည်။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now