part 15

11.1K 361 9
                                    

အချစ်ဆီမှ အစပြု၍(BL Fic)
အပိုင်း(၁၅)
ဆိပ်ကမ်း သို့ ရောက်သောအခါ
ရပ်ထားသော လင်း၏ ကားကို မြင်လိုက်ရသည်။ခန့်ထည်မှာ ရင်တွေ အရမ်းခုန်နေတာမို့ ကားပေါ်ကနေ ချက်ချင်းမဆင်းနိုင် စိတ်တွေ ငြိမ်သွားအောင် ကားပေါ်မှာပင် ခဏ ထိုင်ကာနေနေရသည်။
ပြီးတော့မှ ‌ကားပေါ်မှ ဆင်းကာ ဘေးဘီဝဲယာကို ကြည့်ကာ လင်းကို အလိုလို ရှာနေမိသည်။

"လင်းက တကယ်ပဲ မနက်အစောကြီးထထွက်သွားတယ်ဆိုတာ ဆိပ်ကမ်းကို လာခဲ့တာများလား?"

အပျော်စီးသင်္ဘော၏ အပေါ်တွင် သန့်ရှင်းရေး လုပ်နေသော လုပ်သား တချို့ကို တွေ့ရသည်။
ဒီလိုအချိန်၊ဒီလို မြင်ကွင်းမျိုးကို မြင်လိုက်ရသောအခါအတိတ်ဆီက "ထိုတညနှင့် ထိုနံနက်ခင်း"ကို ခန့်ထည် ပြန်လွမ်းဆွတ်သွားရသည်။
တွေ့ပါပြီ။
ဆိပ်ကမ်းအစပ် မှာ မတ်တပ်ရပ်ကာ ရေပြင်ကျယ်ဘက်သို့ မျက်နှာမူပြီး မတ်မတ်ရပ်ကာ အတွေးနယ်ချဲ့နေသော လင်းကို မြင်နေရပြီ။
ရှည်ရှည်သွယ်သွယ်၊ဖြူဖြူနှစ်နှစ်၊လုံးလုံးဖောင်းဖောင်း ယောင်္ကျားပျိုလေး တယောက်၏ အတွေးတွေထဲတွင် ဘယ်သူများ ရှိနေပါလိမ့်မလဲ?ဟုလည်း သိချင်မိပြန်သည်။

"လင်း"
မနှင်ထုတ်ပါနဲ့တော့။
မမုန်းပါနဲ့တော့။
အနားမှာ ခစားပါရစေတော့။
အနားမှာမရှိရင် တကယ်သတိရလွန်းလို့
‌မချောက်ခြားပါရစေနဲ့တော့။
တခါလောက်ပဲဖြစ်ဖြစ် ငါ့ကို မြင်ပေးပါတော့။
မင်းက ငါ့ရဲ့ အရာရာပါ။
ဆိုတဲ့ စိတ်တွေနှင့် မပြေးရုံတမည် ဖြစ်သော ခြေလှမ်းတွေ နှင့် အပြေးတပိုင်းလေး လှမ်းကာ နီးနိုင်သမျှ၊အနီးဆုံးမှာ ကပ်နေချင်မိသည်။

သူ့ခေါ်သံကြောင့် လင်းက လှည့်ကြည့်သည်။
ဟုတ်ပါတယ် ဒီမျက်နှာလေးကို မြင်ရဖို့ ကမ္ဘာပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ရသလို ကြာခဲ့တယ်။

"ဟင် ခန့်ထည် မင်း"

လင်း၏ စကားတွေ မဆုံးသေးခင် လင်းကို ခန့်ထည် လွတ်ထွက်သွားမှာ ကြောက်သလို ဖက်ထားလိုက် မိသည်။

"ဘာတွေဖြစ်နေတာလဲ?
ငါအခု ပြန်လာပါပြီ ငါအခု ပြန်ရောက်နေပြီလေ"

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now