part 18

9.5K 298 0
                                    

အချစ်ဆီမှ..... အစပြု၍(BL Fic)
အပိုင်း(၁၈)
ခန့်ထည်က သူ၏ အဝတ်အစား အိတ်ကို ဖွင့်ကာ အဆောင်တိုက်ခန်းထဲက ဗီရိုထဲသို့ စီရရီ ချိတ်လိုက်သည်။
ခန့်ထည်နှင့်အတူ အဆောင်တိုက်ခန်းကို သန့်ရှင်းရေး ကူလုပ်ပြီးတော့ ပင်ပန်းသွားတာကြောင့် လင်းက ကုတင်ထက်က မွေ့ရာပေါ်သို့ လှဲချလိုက်သည်။
အထုတ်သေးသေးလေးတွေ ကူညီကာ ဆွဲယူလာပေးသည့် အီယာယာ။သူငယ်ချင်း၏ အဆောင်က တိုက်ခန်းဖွင့်ပွဲအတွက် ကိတ်မုန့် နှင့် ပန်းတွေ ဝယ်လာပေးသော အီယာယာ။အီယာယာက စာကြည့်စားပွဲမှာ ထိုင်ကာ
ခန့်ထည်နှင့် ကုတင်ထက် မှာ လဲလှောင်းနေသော လင်းကို ကြည့်လိုက်သည်။

"ဆိုတော့ နင်တို့ နှစ်ယောက် လွတ်လွတ်လပ်လပ် နေလို့ရအောင် အဆောင်ငှားပြီးပြောင်းလာတာပေါ့ ဟုတ်လား? ခန့်ထည်"

လို့ အဝတ်အစားတွေကို ဗီရိုထဲသို့ ပြောင်းထည့် နေသည့် ခန့်ထည်ကို ခပ်ရွဲ့‌ရွဲ့လေး မေးလိုက်သည်။

အီယာယာ၏မေးခွန်းကြောင့် လင်းက သူ့လက်ထဲမှ ခေါင်းအုံး ဖြင့် အီယာယာ့ကို ပစ်ပေါက်လိုက်သည်။
ခန့်ထည်ကလည်း တပြိုင်နက်တည်းပင်

"မဟုတ်ပါဘူး ဟ"

လို့ တုံ့ပြန်လိုက်သည်။

"အဲ့ဒီတော့ နင်တို့နှစ်ယောက် အဲ့ဒီနေ့က ဘယ်မှ ထွက် မလည်လိုက်ရပဲ ၊လင်းကို ချက်ချင်းပြန်ပို့ လိုက်ရတာပေါ့"

အဝတ်အစားတွေ ထည့်ပြီးသွားလို့ ကုတင်စောင်းပေါ်ကို တက်ထိုင်လိုက်တဲ့ ခန့်ထည်က

"အေးဟာ ဘယ်မှလည်း မသွားလိုက်ရပါဘူး လင်းကိုတောင် ဘယ်လို မျက်နှာနဲ့ ကြည့်ရမလဲ မသိတော့ဘူး
ငါ့အဖေက........
ဘာမှလည်း ပြောတာတော့ မဟုတ်ပေမယ့် ဘာမှန်းမသိဘူးဟာ
အဲ့ဒါကြောင့်ပဲ ငါအိမ်ပေါ်ကဆင်းလာပြီးတော့ အဆောင်လာငှားနေတာ"

လင်းက ပက်လက်လှဲနေရာမှ ထထိုင်လိုက်ပြီး ကုတင်စောင်းမှာ ထိုင်နေတဲ့ ခန့်ထည်ကို နောက်ကနေ လှမ်းဖက်လိုက်သည်။

"ငါ့ကို အားမနာပါနဲ့ ငါက ဘာမှမဖြစ်ပါဘူး။ပြီးတော့ ငါ့မိဘတွေလည်း မင်းနဲ့ငါတွဲနေကြတာကို မသိသေးလို့ သိသွားခဲ့ရင် သူတို့ဘယ်လို တုန့်ပြန်ကြမလဲ?
ငါလည်း စိုးရိမ်မိတယ်"
ခန့်ထည်က သူ့ကိုနောက်ကနေ သိုင်းဖက်ထားတဲ့ လင်း၏ လက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်နှင့် ပွေ့ပိုက်ကာ ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now