အချစ်ဆီမှ.....အစပြု၍ (BL)
အပိုင်း(၂၁)
ကျောင်းချိန်ပြီးလို့ အပန်းဖြေ အိမ်ကို ရောက်တဲ့ အခါ ညနေအချိန်ကို ရောက်နေပြီ။
တံခါးပေါက်ကို ဆွဲဖွင့်ပြီး အိမ်ထဲကို ဝင်လိုက် မိပြီး မှ ခန့်ထည်၏ အဖေနှင့် အမေ ရောက်နေတာကို တွေ့လိုက်ရပြီး နှစ်ယောက်သား အရှိန်သတ်လိုက်ကြသည်။
"အဖေနဲ့ အမေ ဒီနေ့ အပန်းဖြေလာကြတာလား?"ပြောပြောဆိုဆိုနှင့်ပင် ခန့်ထည်က သူ့အမေ ကို ပြေးဖက်ကာ ချွဲတော့သည်။ခန့်ထည်၏ အမေက လင်းနှင့် ခန့်ထည်၏ အကြောင်းအရင်းတွေကို သိပြီးသားမို့ လင်းက သိပ် မလန့်ပေမယ့်
ခန့်ထည်၏ အဖေကိုတော့ လန့်တာမို့ အနေရ၊အထိုင်ရ ခက်လှသည်။"လာ သားတို့ ဒီမှာ လာထိုင်"
ခန့်ထည်၏ အဖေက ခေါ်တာမို့ လင်းရော၊ခန့်ထည်ရော စားပွဲ မှာ ဝင်ထိုင်သည်။
"အဖေက သားတို့အကြောင်းကို ဟိုတခါက အပြောမခံခဲ့ဘူး ဆိုတာ ဘာလို့လဲ? သားတို့ သိလား?"
လင်းက နေရ၊ထိုင်ရ ခက်တာရော၊ဖြေရကြပ်တာရော ကြောင့် ခေါင်းကို ငုံ့ထားပေမယ့် ခန့်ထည်ကတော့ လင်း၏ လက်အစုံကို ဆွဲကိုင်ကာ
"အဖေ သဘောမတူလည်း သားကတော့ လင်းနဲ့ တွဲမှာပဲ"
ခန့်ထည်၏ အဖေက သက်ပြင်းကို အရှည်ကြီး ချကာ
"အဲ့ဒါကြောင့် ပြောပြချင်တာ အဖေက သားတို့ နှစ်ယောက်ကို သဘောမကျတာ မဟုတ်ဘူး
ဒါပေမယ့် သားတို့ နှစ်ယောက် မနေ့က ဘာတွေ ကြုံတွေ့ခဲ့ရလဲ?
ဟင်.......မင်းအမေရဲ့ တိုက်ခန်းကနေ မောင်းထုတ်တာ ခံလိုက်ရတယ် မဟုတ်လား?
သားတို့လို လူငယ်လေးတွေ၊ယောက်ျားလေး အချင်းချင်း သဘောကျနေတဲ့ လူငယ်လေးတွေကို တကယ်သဘောကျပြီး နားလည် လက်ခံပေးကြတဲ့ သူတွေ ရှိသလို မနေ့ကအဒေါ်ကြီးတွေ လို လူတွေလည်း ရှိကြမှာပဲ
အဲ့ဒီလို ကြုံရတဲ့ အခါကျ ခံနိုင်ရည် မရှိမှာကိုပဲ အဖေက မလိုချင် ခဲ့တာပါ"စကားအရှည်ကြီး ပြောလိုက်ရလို့ ထင်သည်။ခန့်ထည်၏ အဖေက စားပွဲပေါ်က ရိုးရိုးနှပ်ကော်ဖီ ခွက်လေးကို မ ယူကာ တကြိုက်သောက် လိုက္သည်။
"မေတို့မှာ ဒီသားလေးပဲ ရှိတာ သားသဘောကျသလို လင်း လေးကို မေမေတို့လည်း ချစ်တာပေါ့
သားတို့အဖေက သဘောမတူတာ မဟုတ်ပါဘူး သူကအစိုးရိမ်လွန်သွားလို့ပါ.....ဒါနဲ့
မနေ့က တော်တော်လန့်သွားကြလား?"
YOU ARE READING
အချစ်ဆီမှ အစပြု၍(Complete)
Romanceမင်္ဂလာဦးည ဟန်းနီးမွန်း ခရီး၌ ခန့်ထည်မှ လင်းအတွက်ကတိသစ္စာ(၃)ချက် (၁)ကျွန်တော် ခန့်ထည်သည် လင်း၏အပေါ်၌ ဘယ်သောအခါမှ အချစ်မပျက်ပါဘူး လို့ ကတိပေးပါသည်။ (၂)ကျွန်တော်ခန့်ထည်သည် လင်း၏ အပေါ်၌ ချစ်မြဲ ချစ်နေပါမည်။ (၃)ကျွန်တော် ခန့်ထည်သည် ဘယ်တော့မှ မပြောင်းလဲပ...