part 22

7.2K 224 0
                                    

အချစ်ဆီမှ အစပြု၍(BL)
အပိုင်း(၂၂)
ရေကူးရတာကို ဘယ်အရွယ်တည်းက သဘောကျမိနေတာလဲ ဆိုတာကိုတော့ လင်းသိပ်မမှတ်မိပေမယ့် တကယ်သဘောကျတာတော့ အမှန်ပင်။
အခုလည်း ကျောင်းချိန်ပြီးလို့ လင်းရယ်၊ခန့်ထည်ရယ်က အပန်းဖြေအိမ်ကို ရောက်နေကြပြီ။

လင်းက ရောက်ပြီး သိပ်မကြာခင် ရေအေးအေးလေး တခွက်သောက်ကာ ရေကူးကန်ထဲသို့ ဆင်းခဲ့သည်။လင်းမှာ ပြိုင်ပွဲဝင်လိုစိတ်တော့ အလျဉ်း မရှိပေမယ့် ကိုယ့်စံချိန်နှင့် ကိုယ်တော့ ရှိပြီးသားဖြစ်သည်။စံချိန်ကို မကျော်လွန်ရင်နေပါစေ ယုတ်လျော့မသွားအောင်တော့ အမြဲတမ်းကြိုးစားကာ အားထုတ်သည်။
ရေကူးနေရလျှင် ပတ်ဝန်းကျင်ကိုပင်မေ့နေတတ်သည်။မဟုတ်ပါ့လား?

အချိန်မှတ်ကာ ကူးနေတာမို့ မိုးရိပ်၊မိုးခြည်လည်း မကြည့်ဖြစ်ခဲ့ပါဘူး။
ခန့်ထည်ကတော့ လင်းရေကူးနေတာကို ကြည့်ကာ အားပေးသည်။လင်း၏ တဦးတည်းသော ပရိတ်သတ်ဖြစ်ပေးမည်လို့လည်း ပြောတတ်သေးသည်။

ခဏကြာတော့ ညနေစာ ဘာချက်ဖို့ ရှိမလဲ? လို့ရေရွတ်ကာ မီးဖိုထဲကို ဝင်သွားသည်။
လင်းကတော့ ဒီခြံထဲမှာ စိတ်အေး၊လက်အေးလည်း ဖြစ်ကာ ဘေးပတ်ဝန်းကျင်ကလည်း သာယာတာမို့ ဒီမှာ ရေကူးရတာကို လည်း သဘောကျနေမိပြန်သည်။
ရေလည်း သန့်သည် မဟုတ်ပါလား?။
အတော်အတန်ရေကူးပြီးတဲ့ အခါ မိုးက ရုတ်တရက်ပင် ရွာချလိုက်တာမို့ လင်းလည်း ကန်ထဲက တက်လာခဲ့သည်။

ခန့်ထည်က သဘက်ကြီးတထည်ကို ယူဆောင်လာကာ အိမ်ထဲကနေပြေးထွက်လာသည်။
သူ့ကိုယ်ပေါ်မှာ အေပရွန်လည်း ဝတ်ထားတာမို့ တခုခု ကို ချက်ပြုတ်နေပုံရသည်။
ကန်ထဲကတက်လာသည့် လင်းကို သဘက်လှမ်းပေးလိုက်သည်။လင်းက သဘက်ကို ကိုယ်ခန္ဓာ အောက်ပိုင်းမှာ ပတ်လိုက်ပြီး အိမ်ထဲကို ခန့်ထည်နှင့်အတူ ဝင်လာသည်။

အိမ်ထဲရောက်တာနှင့် ခန့်ထည်ကအိမ်တံခါးကိုပိတ်ကာ လင်းကိုလှည့်ကြည့်ပြီး

"ရေချိုးလိုက်အုံးနော် ပြီးရင် ညနေစာစားရအောင် ထွက်လာခဲ့'""

"အေးအေး"

လင်းရေချိုးနေတုန်း ခန့်ထည်က အေပရွန်လေးကို ချွတ်လိုက်သည်။လင်း ကြိုက်တတ်တာမို့ သူသိပ်မကြိုက်ပေမယ့် သုံးထပ်သား ကင်ထားသည်။အချဉ်ရေပါ စပ်ထားသည်။ဆန်လှော်ဟင်းရည်လည်း ချက်ထားသည်။ထမင်းကြိုက်တတ်သည့် ကောင်လေးအတွက် ထမင်းလည်း ချက်ထားသည်။
မြှပ်စားစရာ ခရမ်းချဉ်သီး၊သခွားသီး၊နံနံရွက်တွေပါ ပန်းကန်ပြားလှလှလေးထဲ ထည့်ရမည်ဟု တွေးကာ သူ့အပေါ်ကလော်ကာလေးကို ဖွင့်ပြီး ပန်းကန်ပြာ ထုတ်လိုက်သည်။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now