အချစ်ဆီမှ......အစပြု၍(BL)
အပိုင်း(၂၄)
အိပ်ရာကနိုးလာသည်နှင့် တပြိုင်တည်း လင်း၏ခေါင်းထဲကို
"မနက် အိပ်ရာက နိုးနိုးချင်း သဲကို လာခေါ်မယ်"ဆိုတဲ့ ခန့်ထည်၏ စကားကိုသာ သတိရလိုက် မိသည်။
ချက်ချင်းပင် ရေချိုးခန်းထဲကို ပြေးဝင်သွားသည်။ရေကို မြန်မြန်ချိုးကာ၊skin care တာတွေ၊အဝတ်အစား ဝတ်တာတွေကိုပါ လျင်လျင်မြန်မြန် လုပ်မိသည်။ပြီးရင် လွယ်အိတ်ကို လွယ်ကာ အောက်ထပ်သို့ အပြေးကလေး ဆင်းလာခဲ့သည်။ထမင်းစားခန်းထဲမှာ မနက်စာ စားနေသော အဖေ့ကို မြင်လျင် ချက်ချင်းအပိုးကျိုးသွားပြီး အတတ်နိုင်ဆုံး ခြေသံ မကြားရအောင် တိတ်တိတ်လေး ဝင်လာခဲ့သည်။
"ဟော....သား လာ မနက်စာစား"
သူ့အတွက် မနက်စာကို ပြင်ဆင်ပေးနေသည့် အမေ့ကို ဖက်ကာ
"သားမစားတော့ဘူး ဒီနေ့ ကျောင်းကပေးတဲ့ အိမ်စာလုပ်ရမှာမို့ စာကြည့်တိုက်ကို အစောသွားရမှာမေမေ"
အမေက သူ့ကို ဖက်ကာ ချွဲနေသည့် လင်းကြောင့် သဘောကျကာ ပြုံးနေသည်။
"မနက်စာ စားမသွားဘူးဆို အမေက မုန့်ဖိုး ပိုထည့်ပေးလိုက် မှာပေါ့ သားလေးရဲ့ အာဟာရရှိတာ ဝယ်စားနော်""ဟုတ်ကဲ့ မေမေ"
လက်ထဲ မုန့်ဖိုးရတာနှင့် ကဆုန်ပေါက်ကာ ထွက်ပြေးတော့မည့် ဟန်ပြင်နေသည့် လင်းကို
"လင်း သား နေအုံး......
မနက်စာ စားတာ ဘယ်လောက် မှ မကြာဘူး ။သားအမေက သေချာ ပြင်ဆင်ထားရတာ စားသွား"အဖေ့အသံက အဖေ့မျက်နှာကဲ့သို့ပင် တည်သည်။လင်း အနည်းငယ် လန့်ပေမယ့် အရဲစွန့်ကာ ငြင်းရတော့မည်။
ခန့်ထည်၏ကားက အိမ်ရှေ့မှာ ရောက်နေပြီ ။ပြီးတော့ နှစ်ယောက်သားမှာ အစီအစဉ်တွေကလည်း ရှိသေးသည်။"ဟို ဟို ခန့်ထည်ရောက်နေပြီ အဖေ"
"ခန့်ထည်ကိုပါ ခေါ်လိုက်လေ သူ့ကိုပါ မနက်စာ ပြင်ပေးလိုက်ပါ ချစ်ရေ"
"ဟုတ်သားပဲ သားရယ် ခန့်ထည်လေးက အမေ့လက်ရာဆို ဘာမဆို ကြိုက်တတ်တာလည်း သိသားနဲ့ သွားသွားခေါ်လိုက်"
YOU ARE READING
အချစ်ဆီမှ အစပြု၍(Complete)
Romanceမင်္ဂလာဦးည ဟန်းနီးမွန်း ခရီး၌ ခန့်ထည်မှ လင်းအတွက်ကတိသစ္စာ(၃)ချက် (၁)ကျွန်တော် ခန့်ထည်သည် လင်း၏အပေါ်၌ ဘယ်သောအခါမှ အချစ်မပျက်ပါဘူး လို့ ကတိပေးပါသည်။ (၂)ကျွန်တော်ခန့်ထည်သည် လင်း၏ အပေါ်၌ ချစ်မြဲ ချစ်နေပါမည်။ (၃)ကျွန်တော် ခန့်ထည်သည် ဘယ်တော့မှ မပြောင်းလဲပ...