part 25

6.7K 218 0
                                    

အချစ်ဆီမှ ....အစပြု၍ (BL Fiction)
အပိုင်း (၂၅)
အပန်းဖြေအိမ်ကို ရောက်တယ်ဆိုရင်ပဲ
လင်းက ချက်ချင်းပင် ရေကူးရန်ပြင်ဆင်တော့သည်။ခန့်ထည်တယောက်ကတော့ သူ့အိမ်ကယူလာသည့် ချက်ပြုတ်စရာ တွေနှင့် မီးဖိုခန်းသို့ ဝင်ချသွားသည်။လင်း စားချင်လောက် မည့် ဖွယ်ဖွယ်ရာရာတွေကို ချက်ပြုတ်နေပေလိမ့်မည်။
ရေကူးရတာကို သဘောကျသူဖြစ်တာမို့ ရေထဲမှာ နေရတာကို တကယ်သဘောကျနေသည်။တော်တော်နှင့် ရေထဲက ပြန်မတက်ဖြစ်ပေ။ရောင်စုံ ထီးအကြီးစားကြီးတွေ စီတန်း၍ မိုးထားသလို သစ်ပင်တွေရဲ့ အရိပ်လည်းရသည်။ အနီးအနားမှာ ကတ်ကြေးနှင့်ညှပ်ကာ လှလှပပ ပုံဖော်ထားသည့် လမ်းလျှောက်ပင်လေးတွေ ၊အပေါ်ကနေ စီတန်းချိတ်ဆွဲထားကာဖားလျားချထားသည့် ပန်းရောင်စုံ ရွက်ကျပင်လေးတွေ၊မွှေးရနံ့ရှိသည့် ပန်းခြုံလေးတွေနှင့် တော်တော်လေး သာသာယာယာဖြစ်အောင်၊ မြင်ရသူတွေ စိတ်အပန်းပြေအောင်၊ စွမ်းဆောင်နိုင်တာမို့ အပန်းဖြေအိမ်လို့ ခေါ်ကြတာပင်ဖြစ်မည်လို့၊ ထီးရောင်စုံတွေအောက်က ပက်လက် ခုံလေးပေါ်မှာ အမောဖြေရင်း လင်းတယောက်တည်း ငေးမောကာ ၊တွေးတော နေလေသည်။
ပန်းခရမ်းရောင်‌ေဆး‌တွေသုတ်ကာ အညိုရောင် မှန်ချပ်တွေ များများ ပါသည့် တထပ်အိမ် လှလှလေးရဲ့ တံခါးချပ်လေး ပွင့်လာပြီး လိမ္မော်ရည် တခွက်ကို ဗန်းလေးနှင့် ထည့်ကာ ခန့်ထည်ကထွက်လာသည်။
ခန့်ထည်က အေပရွန် အညိုရောင်လေးကို ဝတ်ထားသည်။ထွားကျိုင်းသည်။ပြည့်ဖြိုးသည်။ဒါပေမယ့် ခါးသိမ်ကာ၊ဗိုက်ချပ်တာမို့ ရှပ်အင်္ကျီကို ရင်ဘတ်ကြယ်သီး ဖြုတ်ကာ ၊စတိုင်ပန်နှင့် လိုက်ဖက်လှသည်။ဖောင်းသည့် နေရာကဖောင်းကာ၊ချပ်ရပ်ရမည့် နေရာတွေက ချပ်ရပ်နေတာမို့ ဆွဲဆောင်မှုတွေ က သူ့တကိုယ်လုံးမှာ ပြည့်နှက်နေသည်။"မိမိုက်တဲ့ ကောင်လေးပဲလေ။
တကယ်ဆို လူရှုပ်၊လူပွေလေး လုပ်ရင်တောင် ရှုပ်ပွေသည့် လူဆိုပြီး ဖယ်ကျဉ်တာ ခံရမည့် အတန်းအစားမျိုးမဟုတ်ပဲ သူနှင့် ပွေရှုပ်ပတ်သက်ရမည့် အလှည့်ကို စောင့်ဆိုင်းနေမည့်သူတွေ တန်းစီခိုင်းထာလျှင်ပင် အိမ်ရှေ့က လမ်းမတလျှောက်တော့ ပြည့်နိုင်လောက်သည်။ဒါကိုတောင် လင်းက အစဦးပိုင်းကတည်းက ခန့်ထည်ကို သတိမထားမိခဲ့လောက်အောင် ကိုကိုဟန်ထည်မှ ကိုကိုဟန်ထည် ဆိုပြီး ဖြစ်နေခဲ့သေးတာ။အဲ့ဒီလို ကြားထဲကတောင် လင်း မှ လင်း ဆိုပြီး လင်းတယောက်တည်းကိုသာ မြင်ခဲ့တဲ့ ခန့်ထည်၏ အချစ်တွေက မြတ်နိုးဖွယ်ရာအတိ။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now