part 27

5.9K 202 0
                                    

အချစ်ဆီမှ.....အစပြု၍(BL Fiction)
အပိုင်း(၂၇)
ဒီနေ့က ပိတ်ရက်လည်း ဖြစ်ပြီး ၊လင်းနဲ့လည်း တွေ့ခွင့်မရှိတာကြောင့် ခန့်ထည်တယောက် အိပ်ရာထဲက တော်တော်နှင့် မထပဲ စိတ်ညစ်ညစ်နှင့် ခွေနေသည်။
အခန်းထဲကို အမေတယောက်လုံး ဝင်လာတာကိုပင် မသိချေ။

"သား.....မှန်ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ကြည့် လိုက် ဘယ်သူလေးလဲ လို့ သားအသိလား?"

အမေ့ဆီက မေးခွန်းက ထူးဆန်းတာမို့ ခန့်ထည်လည်း မျက်လုံး ကို ပြူးပြဲကာ အတင်းကုန်းရုန်းထလိုက်ရတော့သည်။အမေညွှန်ပြသည့်နေရာကို ကြည့်ပေးလိုက်ရသည်။

အသားဖြူဖြူ၊သွယ်လျလျလေးနှင့့် ခပ်ငယ်ငယ် ၊ကောင်ငယ်လေး တယောက်ကို မြင်ရသည်။ဝတ်ပုံ၊စားပုံက အခုခေတ်စကားနှင့်ပြောလျှင် အလန်းစား၊အမိုက်စား ၊ဂေါ်နေတာမျိုး ဖြစ်သည်။အိမ်ရှေ့က ကားမှတ်တိုင်ရှေ့တွင် မတ်တပ်ရပ်နေသည်။သူမတ်တပ်ရပ်နေပုံက ထူးဆန်းသည် ခန့်ထည်တို့အိမ်ဘက်သို့ လှည့်ကာ ရပ်နေခြင်းဖြစ်သည်။

"သားအသိတော့ မဟုတ်ပါဘူး အမေ
သားတို့ကျောင်းကလည်း ဟုတ်ပုံမရပါဘူး မြင်လည်း မမြင်ဖူးဘူး"

ပြောပြောဆိုဆိုနှင့်ပင် ခန့်ထည်က အိပ်ရာထဲ ပြန်လှဲပြီး ပြန်အိပ်လိုက်တော့သည်။

"ဟင် ဟန်ထည်က ဘာလို့ ဒီနေ့ အစောကြီးနိုးနေတာလဲ?
ဪ ဟုတ်‌ေပသားပဲ မနေ့ညက သူ
မနက် လေဆိပ်ဆင်းစရာ ရှိတယ်လို့ ပြောတယ် ဟယ် ငါမေ့နေတာ
သူ့အတွက် မနက်စာလည်း မလုပ်ပေးရသေးဘူး"

ပြောပြောဆိုဆိုနှင့် ပြေးပြေးလွှားလွှားပင်အောက်ထပ်သို့ ဆင်းသွားသော အမေ့ကို ကြည့်ကာ ခန့်ထည် စိတ်ဓာတ်ကျနေသည့် ကြားက ပြုံးနေမိသည်။
ဦးလေး ဟန်ထည်က ဖေဖေ၏ ညီအရင်းဆိုပေမယ့် မေမေကလည်း သူ့မောင်လေး အရင်းတယောက်လိုချစ်သည်။ခန့်ထည်ကလေးဘဝကတည်းက ခုချိန်ထိ အမေ၊အဖေနှင့် ဦးထည်တို့ စကားများတာ၊ရန်ဖြစ်တာ မျိုးကို တခါမှပင် မမြင်ဖူးခဲ့ချေ။

.. ... .  
နှိုးစက်ကို အလန်းပေးထားတာမို့ ဟန်ထည် အိပ်ရာက ထထိုင်လိုက်ရသည်။အိပ်ချိန်၊စားချိန်မမှန်သည့် စာရေးသည့် လူတယောက် မို့ အိပ်ရေးပင်သိပ်မဝသေး။သို့ပေမယ့် ဒီနေ့ကတော့ အလုပ်ကိစ္စနှင့် ထိုင်ဝမ်သို့ တညအိပ်၊နှစ်ရက်၊ခရီးသွားရမည်။လေဆိပ်ကို ချိန်းထားသည့် သူတွေနှင့် အမှီ၊သွားရမှာမို့ ကုန်းရုန်းထကာ ရေမိုးချိုးလိုက်ရတော့သည်။

အချစ်ဆီမှ အစပြု၍(Complete)Where stories live. Discover now