အချစ်ဆီမှ အစပြု၍
အပိုင်း(၃၂)
ညတုန်းက ခန့်ထည်ချက်ကျွေးသည့် အစားအစာ တွေကို စားပြီး အစောကြီး အိပ်ပျော်သွားသည့် လင်းတယောက်ကတော့ ညလယ်စာလည်း ထွက် မစားဖြစ်အောင်ပင် နှစ်နှစ်ခြိုက်ခြိုက်၊စိတ်အေး၊လက်အေး အိပ်ပျော်သွားခဲ့သည်။
ယခု မနက်ခင်းမှာလည်း အစောကြီး ပင် နိုးလာခဲ့သည်။အိပ်ရာက နိုးနိုးချင်း ဗိုက်ဆာလာတာမို့ ရေခဲသေတ္တာကို ဖွင့်ကြည့်တော့လည်း ရေသန့်ဘူးတွေနှင့် ပန်းသီးတချို့ကိုသာတွေ့ရသည်မို့ ပန်းသီးတလုံးကို ယူစားပြီး ရေသောက်လိုက်ပေမယ့် ဝမ်းက ဟာနေဆဲပင်ဖြစ်သည်။
အိပ်ခန်းထဲသို့ ပြန်ဝင်လာတော့ အိပ်ရာထက်၌ ခန့်ထည်က အိပ်ပျော်နေဆဲ၊
အချိန်က တော်တော်လေး စောနေသေးပေမယ့် လင်းက ခန့်ထည်ကို လှုပ်နှိုးလိုက်သည်။"ခန့်......ခန့် ထတော့ .....ကိုကို ထတော့....
ထတော့ လို့""အင်းအင်း ထပြီ ထပြီ"
ခန့်ထည်က အိပ်ရေးမဝသေးတဲ့ ပုံစံနှင့် အိပ်ရာထက်ကနေ ထလာသည်။သူ့နံဘေးမှာ ငုတ်တုတ်လေး ထိုင်နေသည့်လင်းပုံစံလေးကို မြင်တော့ ပြုံးသွားသည်။
"ကိုယ့် သဲ က ဗိုက်ဆာေနပြီလား?"
ခန့်ထည်၏အမေးကြောင့် လင်းစိတ်ထဲကနေ ရှက်ရှက်သည်းသည်းနှင့် ရယ်လိုက် မိသည်။
ခန့်ထည်တယောက်ကတော့ လင်းနှင့်ပတ်သက်လျှင် ဗေဒင်ဟောစားလို့ပင်ရနေပြီ။အကြားအမြင်ရနေသလားတောင် ထင်ရသည်။"မဟုတ်ပါဘူး မင်းပဲ ဒီနေ့ အလုပ်ကို ပထမဆုံး သွားရမှာမို့ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်မယ်ဆို"
လင်း၏ လမ်းကြောင်းလွှဲသော စကားလေးတွေကြောင့် ခန့်ထည်က လင်းကို ကြည့်ကာ သဘောကျနေသည်။သဘောကျသည်ဆိုတာထက် လင်းဘာပြောပြော၊ဘာလုပ်လုပ် ချစ်နေတာမို့ပင် ရွှန်းလက်သည့် မျက်လုံးတွေနှင့် အစဉ်အမြဲ ကြည့်ေနနိုင်တာဖြစ်သည်။
"နန်းကြီးသုပ်လား? ခိုတောင်မုန့်တီလား?
မြီးရှည်လား? ရှမ်းေခါက်ဆွဲလား? ဆီချက်လား? "ဗိုက်ဆာဆာနှင့်မို့ မွေ့ရာထက် မှာ ငုတ်တုတ်လေး ထိုင်နေသည့် လင်းကို သူ့ကိုယ်ကြီး နှင့် အုပ်မိုးကာ မေးနေတာမို့ လင်းမှာ ကြက်သီးပင် ထမိသည်။
ရှက်နေတာမို့ ခန့်ထည်ကို လက်နှင့် တွန်းထုတ်လိုက်သည်။
YOU ARE READING
အချစ်ဆီမှ အစပြု၍(Complete)
Romanceမင်္ဂလာဦးည ဟန်းနီးမွန်း ခရီး၌ ခန့်ထည်မှ လင်းအတွက်ကတိသစ္စာ(၃)ချက် (၁)ကျွန်တော် ခန့်ထည်သည် လင်း၏အပေါ်၌ ဘယ်သောအခါမှ အချစ်မပျက်ပါဘူး လို့ ကတိပေးပါသည်။ (၂)ကျွန်တော်ခန့်ထည်သည် လင်း၏ အပေါ်၌ ချစ်မြဲ ချစ်နေပါမည်။ (၃)ကျွန်တော် ခန့်ထည်သည် ဘယ်တော့မှ မပြောင်းလဲပ...