အချစ်ဆီမှ....အစပြု၍
အပိုင်း(၃၇)
မနက်ခင်း ၌ လင်းက ခန့်ထည်၏ရင်ခွင်ထဲမှနေ၍ အိပ်ရာကနိုးလာသည်။မျက်လုံးဖွင့်ဖွင့်ချင်း ၌ ပင် လင်းကို စိုက်ကြည့်နေသော ခန့်ထည်ကို မြင်လိုက်ရသည်။"အာ.....
ဘာလို့ လူကို စိုက်ကြည့်နေတာလဲ? ကိုကိုနော်"ပြောလည်းပြောရင်း လင်းက သူ့မျက်နှာလေးကို လက်နှစ်ဖက်နှင့် လည်း ကာလိုက်သေးသည်။
"ရှက်နေတာပေါ့ ဟုတ်လား? သဲလေး၊ ညကတော့ သူမဟုတ်သလိုပဲနော်။"
ခန့်ထည်က ဗရွတ်ရွှတ်တောက်တွေ ပြောတော့မည်ဆိုတာကို သိနေတာမို့ လင်းက ခန့်ထည်၏ ပါးစပ်ကို လှမ်းပိတ်လိုက်လေသည်။ဒါပေမယ့်လည်း ခန့်ထည်က လင်း၏ လက်ဖောင်းသွယ်သွယ်နူနူလေးတွေကို သူ့လက်တွေနှင့် ဖမ်းထားလိုက်သည်။သူပြောချင်ရာတွေကိုသာ ဆက်ပြောနေလေတော့သည်။
"အား ကိုကို ကြမ်းကြမ်းလေးလုပ်ပါ၊
အား ကိုကို ဆိုပြီးတော့လေ၊
ဘယ်သူပြောခဲ့တာတွေလဲ ပြော"ခန့်ထည်က ပြုံးတုံ့တုံ့ကြီး နှင့် နောက်နေပြီး ၊လင်းက တားလည်း မတားနိုင်တာမို့ ရှက်ကန်ကန်ပြီး စိတ်ကောက်တော့သည်။နှုတ်ခမ်း ဖူးဖူးလုံးလုံးလေးကို စူပုတ်လိုက်ပြီး ခန့်ထည်၏ ရင်ဘတ်ကို ထုရိုက်နေလေတော့သည်။ဒါကိုပင် ခန့်ထည်က သဘောကျနေသည်။သဘောကျပြီး တဟီးဟီး ၊တဟားဟားနှင့် ရယ်နေလေသည်။
ပြီးတော့မှ လင်း၏ ပါးဖောင်းဖောင်းလေးတွေကိုမြတ်မြတ်နိုးနိုးနှင့် နမ်းလိုက်သည်။နောက်တဖက်ကိုပါ နမ်းလိုက်သည်။
"ကိုကို့ ကို စိတ်မဆိုးနဲ့တော့နော် သဲ
ဒီနေ့ ပွဲတက်ပြီးရင် ကိုကို အလုပ်သွားစရာ မရှိဘူး သဲဘယ်သွားချင်လဲ? ဘာစားချင်လဲ? ကိုကို အကုန်လိုက်လုပ်ပေးမယ် စိတ်မဆိုးနဲ့တော့နော်"လင်းက ဘာမှ ပြန်မပြောတာမို့ ခန့်ထည်က လင်း၏နဖူးလေးကိုပါ နမ်းရှိုက်လိုက်သည်။
"သဲ .....ကိုကိုက ချစ်လို့ စတာကို
စိတ်ဆိုးပြေတော့နော်"ဒီတခါတော့ လင်းက ခေါင်းညိမ့်ပြတာမို့ ခန့်ထည်က လင်း၏ ကိုယ်လုံးလေးကို ပွေ့ဖက်လိုက်သည်။
YOU ARE READING
အချစ်ဆီမှ အစပြု၍(Complete)
Romanceမင်္ဂလာဦးည ဟန်းနီးမွန်း ခရီး၌ ခန့်ထည်မှ လင်းအတွက်ကတိသစ္စာ(၃)ချက် (၁)ကျွန်တော် ခန့်ထည်သည် လင်း၏အပေါ်၌ ဘယ်သောအခါမှ အချစ်မပျက်ပါဘူး လို့ ကတိပေးပါသည်။ (၂)ကျွန်တော်ခန့်ထည်သည် လင်း၏ အပေါ်၌ ချစ်မြဲ ချစ်နေပါမည်။ (၃)ကျွန်တော် ခန့်ထည်သည် ဘယ်တော့မှ မပြောင်းလဲပ...