စတော်ဘယ်ရီလေးလို နီရဲနေတဲ့ မင်းရဲ့နှုတ်ခမ်းလေးတွေကို ကိုယ်စွဲလမ်းမိတော့မယ်ထင်ပါရဲ့...
~ဘုန်းခန့်ထည်~
ဘာ ေ ာက်ကြောင်းနဲ့မှ ကျွန်တော်နှုတ်ခမ်းက စတော်ဘယ်ရီလိုရဲစရာ အကြောင်းမရှိဘူး အပိုစကားတွေပြောတဲ့ ခင်ဗျား ပါးစပ်ကိုတစ်ခုခုနဲ့ပိတ်ထားလိုက် ....
~သုတနှောင်းရှိန်~
~~~~~~~~~~~~~~~~~~~~~~~~
"တော်ပြီ မားမားရယ် နှောင်း ကလောကိုပဲပြန်တော့မယ် မန္တလေးကပူလွန်းတယ် ဒိမှာနှောင်းကိုကြည့်ပါအုံး "
ဒေါ်မေရှင်းသားဖြစ်သူကိုကြည့်လိုက်သောအခါ ဖြူလွန်းတဲ့သားရဲ့အသားအရေက အပူဒဏ်မခံနိုင်ပုံရတယ် အနီစက်တွေထွက်နေတော့သည်။
"နေပူသေးလို့အပြင်မသွားနဲ့အူံး ခဏနေပါအုံးလို့ပြောတယ်လေ ဘာလို့အပြင်ခိုးထွက်ပြီး ညီညီလျှောက်သွားနေလဲ ခုတော့ဖြစ်ပြီမှတ်လား"
"မားမားကလဲ မားမားပဲ အလည်သွားမယ်လိုက်ခဲ့ဆိုပြီးခေါ်တာလေ ပြီးတော့ဒိမှာ နှောင်းကြိုက်ေလာက်မဲ့မုန့်ေတွရှိတယ်ဆို ခုတော့ နှောင်းမကြိုက်ပါဘူး
ထိုးမုန့်ဆိုလား ဘာလားပဲ အီကျီအီကျီနဲ့ ပြီးတော့နှောင်းက ခိုးထွက်တာမဟုတ်ပါဘူး ညီညီကအတင်ခေါ်လို့""အမယ်လေး အကြောင်းပြချက်လေးကလှလိုက်တာနော် သုတနှောင်းရှိန် နင်ပါးစပ်ဟထဲကအူဘယ်နှစ်ခွေရှိလဲဆိုတာကအစသိတယ် ငါကိုလာပြီး အူကြောင်ကြောင်တွေမလုပ်နေစမ်းနဲ့ လာခုငါအနားကို ဆေးလိမ်းရမယ် "
သုတနှောင်းရှိန်နှင့်သူရဲ့အမေဖြစ်သူ နဲ့ အဘွားတွေရှိတဲ့မန္တလေးကိုအလည်ရောက်နေခြင်းဖြစ်သည်။ငယ်ငယ်ထဲ ကလောမှာပဲမွေး ကလောမှာပဲကြီးပြင်းခဲ့တဲ့ သုတနှောင်းရှိန်ရဲ့ အသားအရေကဖြူအုလို့နေပြီး နှုတ်ခမ်းလေးတွေဆိုလဲ ဆိုးဆေးမလိုပဲ ရဲတွပ်နေသည်။အရပ်က5'6လောက်သာရှိသော သုတနှောင်းရှိန်မှာအလွန်ချစ်စရာကောင်းလှသည်။
"မားမား"
"ဘာတုန်းအေ"
"ဘယ်နေ့ပြန်မှာလဲ "