ခန့်ထည်တစ်ယောက်ဆေးရုံမှာပစ္စည်းသွားသိမ်းရင်း ငထွန်းနဲ့တွေ့လို့စကားပြောပြီးနောက် အိမ်ကိုသာပြန်လာခဲ့သည်။
"ခန့်ထည်"
"ဗျာ အဘိုး"
"လာပါဦး မင်းနဲ့အဘိုးစကားပြောစရာတွေရှိသေးတယ်"
"ဟုတ်ကဲ့ပါ အဘိုး"
"ခန့်ထည် မန္တလေးကိုအပြီးပြန်ဖို့ဆုံးဖြတ်လိုက်ပြီလား "
"ဟုတ်တယ် အဘိုး ကျွန်တော်အပြီးပြန်ဖို့ဆုံးဖြတ်လိုက်ပြီ ဟိုမှာက မေမေကလဲတစ်ယောက်ထဲမှတ်လား ကျွန်တော် မေမေကိုလဲ ပြန်စောင့်ရှောက်ချင်လို့ပါ"
ဖေဖေကျန်းမာရေးကြောင့် နဲ့ မေမေပြန်ခေါ်လို့ ပြန်ဖြစ်တဲ့အကြောင်းကိုတော့ အဘိုးကိုကျွန်တော်မပြောဖြစ်။ပြောရင်လဲအဘိုးကပြန်လွှတ်မည်မဟုတ်ပါလော။
"အဘိုးကိုလဲကျွန်တော် သတိရနေမှာပါ ရန်ကုန်ကိုလဲ မကြာ မကြာ လာလည်ပါ့မယ်"
"အေးပါကွာ အဘိုးလဲမင်းကိုသတိရနေမှာပါ ခန့်ထည်ရာ"
အဘိုးကပြောသာပြောနေတာ စိတ်ထဲတော့ကောင်းမဲ့ပုံမပေါ် ။ တစ်ခါထဲလိုက်ခဲ့ဖို့ခေါ်ချင်ပေမဲ့ အဖိုးက အဖေ့နဲ့အမေ့ကိုစိတ်နာနေသည်မို့ လိုက်မှာလဲမဟုတ်။
~~~~~~~~~~~~~~~~~~~~~~~
စောတစ်ယောက် ခန့်ထည် ရဲ့ အမေအိမ်တွင်ရောက်နေခြင်းဖြစ်သည်။ မနေ့ကအန်တီနုငယ် ဖုန်းဆက်ပြောလို့ ခန့်ထည် မန္တလေးကိုအပြီးပြန်လာမယ့်အကြောင်းကိုသိခဲ့ရသည်။ငယ်ငယ်ထဲကပေါင်းလာတဲ့သူငယ်ချင်းအရင်းကြီးတွေဖြစ်ပါလျက်နဲ့ သူပြန်လာမဲ့ ကိစ္စ စောကို ဘာမှတောင်မပြောဘူး။ခန့်ထည်တို့မြန်းနေနိုင်ချက်ပဲ။
"သမီးစော လာလေ"
"ဟုတ်ကဲ့အန်တီနု"
"စောတို့မြန်း ခန်ထည်မရှိထဲကအိမ်ဘက်တောက်လှည့်မလာဘူးကွယ် အန်တီကသတိရနေတာ"
"စော လာချင်ပါတယ်အန်တီနုရဲ့ ဆေးရုံမှာလူနာဆတွကြည့်နေရတာနဲ့မအားလို့ပါ စောကိုစိတ်မဆိုးနဲ့နော်"
"အမယ်လေး ဟုတ်ပါပီ့ရှင် စိတ်မဆိုးပါဘူး"
"ဒါနဲ့ ခန့်ထည်ဘယ်နေ့လောက်ပြန်လာမှာလဲအန်တီနု"