🍓အပိုင်း{၂}🍓

22 1 0
                                    

(GLအတွဲလေးလဲထည့်ပေးထားတယ်နော် ဟီး)

~~~~~~~~~~~~~~~~~~~~~~~~~

ကဝိဆေးရုံ မန္တလေးမြို့

{ဒိဆေးရုံက မီ စိတ်ကူးအရထည့်ထားတာပါနော်}

"ဒေါက်တာ နောက်တစ်နာရီ‌နေ‌ေရင်လောက်ခွဲခန်းဝင်ရပါ့မယ်"

Nurse ကြည် ရဲ့အပြောကြောင့် ဗက်စီစော နာရီကိုလှမ်းကြည့်လိုက်မိသည်။

"ဆရာမ ကြည် ပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားလိုက်ပါ  ခဏနေလူနာအခြေအနေကိုသွားကြည့်ရအောင်"

"ဟုတ်ကဲ့ ဒေါက်တာ"

ကြည်တံခါးကိုဆွဲဖွင့်ဖို့ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်ကတံခါးကိုစောင့်ဖွင့်လိုက်သည်။

"အမယ်လေး .... လန့်လိုက်တာ....မင်းဘယ်သူလဲ ဒါဒေါက်တာ‌စောရဲ့အခန်း မင်းဝင်ချင်တိုင်းဝင်လို့မရဘူးဟဲ့သိလား "

ရှေ့တွင်ရပ်နေသော အရပ်ရှည်ရှည် အသားကဝင်းဝင်းမွတ်မွတ်နဲ့ ဂျင်းဘောင်းဘီအတိုကို Hoddieအပွကို တွဲဝတ်ထားပြီး လွယ်အိတ်ကို ဘေးတိုက်လွယ်ကာ ကြည်ကိုမျက်မှောင်ကုပ်ကြည့်နေသည့် ထိုကောင်မလေး။

"ဒိမှာ ဆရာမ  သူနဲ့တွေ့ချင်တယ် သူရှိတယ်မှတ်လား"

ထိုအချိန် ဒေါက်တာထွက်လာပြီး ထိုကောင်မလေးအားဆွဲခေါ်သွားသည်။

"ဆရာမကြည် ပြင်ဆင်စရာရှိတာပြင်ဆင်တော့လေ"

"ဟုတ်ကဲ့ ဒေါက်တာ"

ဆရာမကြည်ထွက်သွားပြီး ခဏအကြာ ဗက်စီစော ဘေးက‌‌တစ်ယောက်ကိုစကားစလိုက်သည်။

"ဟေ့ ဒီမှာ နန္ဒာ ဒီနေ့ ကျူရှင်ပိတ်ရက်နော် တို့အလုပ်ထိလိုက်လာပြီး ဘာလုပ်တာလဲ "

"အဟွန့် အစောပဲ ပြောထားတာလေ ဒီနေ့
မုန့်လိုက်ကျွေးမယ်ဆိုပြီးတော့ သူပြောပြီးသူပဲမေ့နေတာ"

"တို့မေ့သွားတယ် ဒိနေ့လဲလိုက်ပို့ဖို့ကအဆင်မပြေလောက်ဘူး ခဏနေအရေးကြိးလူနာကိုခွဲစိတ်ရမှာ"

"စောက ဘယ်တူန်းကရောမှတ်မိလို့လဲ ထားလိုက်တော့  ပြန်တော့မယ် အားတဲ့အချိန်ဖုန်းဆက်လိုက် လာတွေ့မယ်"

Strawberry lips 🍓Where stories live. Discover now